DVB Logo
Home
မြန်မာသတင်း
မောင်တော နခခ ၆ နှင့် နခခ ၉ ကို AA သိမ်းပိုက်
DVB
·
June 7, 2024
မောင်တော နခခ ၆ နှင့် နခခ ၉ ကို AA သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ရင်းတွေဖြစ်တဲ့ နခခ ၆ (အင်းဒင်) နဲ့ နခခ ၉ (မြင်းလွှတ်) တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ) ၆ (အင်းဒင်) ကို ဇွန် ၆ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နခခ ၉ (မြင်းလွှတ်) ကိုတော့ ဇွန် ၇ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ မောင်တောမြို့မှ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“မနေ့က မနက်ပိုင်းကတည်းက စစ်ကောင်စီရဲ့ နခခ ၆ (အင်းဒင်) ကို AA က သိမ်းပိုက်ထားပြီးဖြစ်တယ်။ ဒီနေ့မှာလည်း နခခ ၉ (မြင်းလွှတ်) ကို ထပ်သိမ်းပိုက်ခဲ့တာ ဖြစ်တယ်။ အင်းဒင်ကျသွားတော့ မောင်တောတောင်ပိုင်းကို AA က အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရတယ်။ နခခ ၂၊ နခခ ၄ နဲ့ နခခ ၅ တို့ဟာလည်း AA က ဝိုင်းရံပိတ်ဆို့တာကို ခံနေကြရတယ်။”

အခုသိမ်းပိုက်ရရှိတဲ့ နခခ ၆ (အင်းဒင်) နဲ့ နခခ ၉ (မြင်းလွှတ်) တို့ကို အာရက္ခတပ်တော် (AA) က ဇွန် ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၄ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိ မောင်တောမြို့နယ်အတွင်းမှာ နခခ ၂ (၄ မိုင်)၊ နခခ ၄ (မောရဝတီ) နဲ့ နခခ ၅ (မြို့သူကြီး) တို့သာ ကျန်ရှိတော့ပြီး နခခ ၈ ခုရှိတဲ့အထဲက ၅ ခုကို သိမ်းပိုက်ထားပါတယ်။

ကျန် နခခတွေ မကျစေဖို့အတွက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ခုခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် AA က အမ်း၊ သံတွဲမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်စခန်းတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ရခိုင်တိုက်ပွဲ ၆ လကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013