DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်တွင် e-စီးကရက် ပိတ်ပင်
DVB
·
June 7, 2024
ဟောင်ကောင်တွင် e-စီးကရက် ပိတ်ပင်
Donate to DVB

လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး e-စီးကရက် သောက်သုံး၊ ဖြန့်ဖြူး၊ တင်သွင်းတာတွေ အားလုံးကို ပိတ်ပင်မှာဖြစ်ကြောင်း ဟောင်ကောင်မြို့မှာ ဇွန် ၆ ရက်က ကြေညာပါတယ်။

ဟောင်ကောင်မှာ e-စီးကရက် တင်သွင်းတာ၊ ဖြန့်ဖြူးတာ၊ ပြန်လည်ရောင်းချတာနဲ့ သောက်သုံးမှုတွေကို တားမြစ်ထားပြီးနောက် ၂ နှစ်အကြာမှာ အရာအားလုံးကို ပိတ်ပင်မှု တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအတွင်းရေးမှူး လိုချန်မာအူက “ကျနော်တို့ ဆေးလိပ်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေအားလုံးကို ပိတ်ပင်သွားမှာပါ။ ဒီလို  e-စီးကရက် နဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ပိတ်ပင်ဖို့ အားလုံးက သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ တဦးချင်း အသုံးပြုတာကအစ  e-စီးကရက် နဲ့ ပတ်သက်တာ မှန်သမျှ ပိတ်ပင်သွားရမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဟောင်ကောင်မှာ အရင်ကတည်းက စီးပွားဖြစ်ရောင်းချမှုတွေကို ပိတ်ပင်ထားပြီး ကြာသပတေးနေ့က လက်လီဝယ်ယူသူတွေကို ပိတ်ပင်ဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ တဦးချင်း  e-စီးကရက် သောက်မှုကိုတောင် ပိတ်ပင်ထားပြီး ဥပဒေအရ  e-စီးကရက် တင်သွင်းသူမှန်သမျှ ၇ နှစ်အထိ ထောင်ချနိုင်ပြီး ဟောင်ကောင်ဒေါ်လာ ၂ သန်း ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရောင်းချသူနဲ့ ဖြန့်ချိသူတွေလည်း ထောင်ဒဏ် ၆ လအထိ အပြစ်ပေးနိုင်ပါတယ်။

မြို့တော်တာဝန်ရှိသူတွေက  e-စီးကရက် နဲ့ပတ်သက်ပြီး ပိတ်ပင်မှုတွေပြုလုပ်ဖို့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပြီး အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ တန်းစီရင်း ဆေးလိပ်သောက်မှု၊ အချင်းချင်း ဆေးလိပ်အပြန်အလှန်တိုက်မှုတွေကိုပါ ပိတ်ပင်သွားမယ်လို့ ထည့်သွင်းကြေညာထားပါတယ်။

တိုဘာကိုဆေးလိပ်တွေကိုလည်း ကလေးငယ်တွေနဲ့ အမျိုးသမီး‌ေတွအတွက် ကျန်းမာရေး ထိခိုက်တဲ့ စစ်တမ်းတွေကို ဖော်ပြပြီး အာဏာပိုင်တွေက ပိတ်ပင်ဖို့ အဆိုပြုထားဖူးပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ်မှာ  e-စီးကရက် ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက ရောင်းချတာကို ပိတ်ပင်ခဲ့ပြီး ၈၇ နိုင်ငံကတော့ သောက်သုံးခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေက ၂၀၂၃ ခုနှစ်မှာ ဆေးလိပ်သောက်သုံးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရာကနေ လာမယ့်နှစ်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းလာဖို့ မျှော်လင့်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013