DVB Logo
Home
နိုင်ငံတကာ
မော်ရိုကို YouTuber တဦး ရွှေတြိဂံဒေသတွင် ပျောက်ဆုံးနေ
DVB
·
June 6, 2024
မော်ရိုကို YouTuber တဦး ရွှေတြိဂံဒေသတွင် ပျောက်ဆုံးနေ
Donate to DVB

မော်ရိုကိုနိုင်ငံသား YouTuber တယောက်ဟာ ရွှေတြိဂံဒေသကို သွားရောက်လည်ပတ်ခဲ့ ပြီးနောက်မှာ ပျောက်ဆုံးနေခဲ့တယ်လို့ The New Arab သတင်းတပုဒ်မှာ ဇွန် ၅ ရက်က ဖော်ပြပါတယ်။

"New Battuta" လို့လည်း သိကြတဲ့ YouTuber အဒမ်တောဖစ်က်ဟာ အန္တရာယ်များတဲ့ အဆိုပါဒေသမှာ ပြန်ပေးဆွဲ အဖမ်းခံထားရတဲ့ မော်ရိုကိုနိုင်ငံသား ၁၄၀ ကျော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရိုက်ကူးတင်ဆက်ဖို့ သွားရာကနေ ရုတ်တရက် ထူးဆန်းစွာပဲ ပျောက်သွားခဲ့တာလို့ ဆိုပါတယ်။

Youtuber တောဖစ်က်ဟာ သူ့ရဲ့ မိသားစုနဲ့ မေ ၂၃ ရက်တုန်းက နောက်ဆုံးအဆက် အသွယ်ရှိခဲ့ပြီး  သူဟာ ဗီယက်နမ်မှာ ရှိနေကြောင်းနဲ့ လာအိုနိုင်ငံကို ဆက်ထွက်သွားမယ့်အကြောင်း သူ့ရဲ့ ဖခင်ကို ပြောခဲ့တယ်လို့ မော်ရိုကိုသတင်းဝက်ဘ်ဆိုက် Hespress က ပြောပါတယ်။

တောဖစ်က်ဟာ ခရီးသွားတဲ့အခါတိုင်း သူ့ရဲ့ မိသားစုနဲ့ အမြဲပုံမှန်ဆက်သွယ်လေ့ရှိတာကြောင့် ခုလိုအခြေအနေဟာ အလွန်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ခုလိုမပျောက်ဆုံးမီက တောဖစ်က်နဲ့ အတူရှိနေတဲ့ တခြားမော်ရိုကို YouTuber တ ယောက်ဖြစ်တဲ့ အမ်မ်ဂျက်ဒ်ရာမီကတော့ ဗီယက်နမ်မှာ သူနဲ့အတူရှိနေခဲ့ပြီး ရွှေတြိဂံဒေသကို သွားချင်တဲ့ ဆန္ဒအကြောင်း သူ့ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ရွှေတြိဂံဒေသကတော့ လာအို၊ ထိုင်းနဲ့ မြန်မာ ၃ နိုင်ငံကြား နယ်နိမိတ်ဆုံရာမှာ ရှိနေပြီး လက်နက်ကိုင်ဂိုဏ်းတွေ လှုပ်ရှားနေကာ နိုင်ငံခြားသားခရီးသွားတွေ သွားရောက်လည် ပတ်တဲ့အခါမှာ မကြာခဏ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ သိမ်းဆည်းခံရတဲ့ နေရာဖြစ် နေတယ်လို့ သတင်းမှာ ရည်ညွှန်းဖော်ပြပါတယ်။

အဆိုပါ ဒေသတွင်းမှာတော့ မော်ရိုကိုနိုင်ငံသား အနည်းဆုံး ၁၄၀ ကို အလုပ်အကိုင်ပေးမယ်လို့ စည်းရုံးကာ လက်နက်ကိုင်ဂိုဏ်းတွေက ပြန်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ ယုံကြည်ရပြီး အများစုဟာ တနေ့ကို ၁၂ နာရီကျော်လောက် အင်တာနက် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် အလုပ်ခိုင်းစေခံနေရတယ်လို့ အစီရင်ခံစာတချို့မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

သူတို့ ပြန်လည်လွတ်မြောက်ဖို့အတွက် အဆိုပါ ဂိုဏ်းတွေက အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျော်နဲ့ ရွေးယူဖို့ ငွေညှစ်တောင်းဆိုသလို  နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်တာတွေလည်း ခံနေကြရတယ်လို့ ဆိုပါတယ်။

မော်ရိုကိုအာဏာပိုင်တွေအနေနဲ့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်ဖို့ ဖွင့်လှစ်ခဲ့ပြီး အဲဒီမှာ ပြန်ပေးဆွဲနှိပ်စက်ခံရသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေဆီက သက်သေခံချက်တွေ ရယူခဲ့သလို အင်တာနက် လိမ်လည် မှုတွေ၊ မှားယွင်းတဲ့ အလုပ်အကိုင်ကမ်းလှမ်းမှုတွေကို သတိထားကြဖို့လည်း မော်ရိုကို နိုင်ငံသားတွေကို သတိပေးထားပါတယ်။

Source: The New Arab/Hespress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013