မန်ချက်စတာစီးတီးအသင်းဟာ လိုင်လီအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် မော်ရိုကို ကွင်းလယ်လူ အယူးဘ်ဘူအာဒီကို ခေါ်ယူဖို့ အပြင်းအထန် ဆွေးနွေးနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီးနောက် ဘူအာဒီရဲ့ တန်ကြေးဟာ ပေါင် သန်း ၆၀ မှ ပေါင် သန်း ၈၀ အထိ မြင့်တက်သွားခဲ့တာပါ။
လိုင်လီအသင်းက သူ့ကို နောက်ထပ်တရာသီ ထိန်းထားချင်တာပါ။ မန်စီးတီးကတော့ ကွင်းလယ်လူ ရိုဒရီကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတာကြောင့် ဘူအာဒီကို ချက်ချင်းခေါ်ယူပြီး အသုံးပြုချင်နေပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းဟာ ဂိုးသမားသစ်အပြင် ညာနောက်ခံလူနဲ့ တောင်ပံတိုက်စစ်နေရာတွေကိုပါ အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။










