Home
နိုင်ငံတကာ
ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ လုံခြုံရေးချိုးဖောက် ကွင်းထဲဝင်ရန်ကြိုးစားခဲ့သူ  ၅၀ ကျော် ဖမ်းဆီခံရ
DVB
·
June 4, 2024
Photo - REUTERS/Dylan Martinez

ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ ဝင်ဘာလေ အားကစားရုံအတွင်း ကျူးကျော်ဝင်ရောက်မှုနဲ့ လုံခြုံရေးချိုးဖောက်ဖို့ ကြိုးပမ်းမှုတွေအတွက် ရဲတပ်ဖွဲ့ဝင်တွေက လူ ၅၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။

ရီးရဲလ်အသင်းဟာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီဘောလုံးပွဲမှာ ၁၅  ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို စံချိန်တင်ရယူနိုင်ခဲ့တာပါ။

ပွဲအစပထမမိနစ်မှာပဲ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုတခု ဖြစ်ပွားခဲ့ပြီး သီးခြား ကွင်းကျူးကျော်သူ ၃ ဦးကလည်း  ကွင်းထဲကို ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် လက်မှတ်မပါဘဲ အားကစားရုံထဲကို ဝင်ဖို့ကြိုးစားတဲ့ လူအများအပြားကိုလည်း ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

"ရဲတွေက ဝင်ဘာလေမှာ ၅၃ ယောက်ကို ဖမ်းခဲ့တယ်။ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုနဲ့ ၅ ယောက်ပါ။ တခြားသူ အများစုကို လုံခြုံရေးကိုချိုးဖောက်ဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းခဲ့ရပါတယ်။ အဓိက အားကစားပွဲစဉ်တွေမှာ လက်မှတ်မပါဘဲ အားကစားရုံထဲ ဝင်ဖို့ကြိုးစားသူတွေ ရှိတတ်ပါတယ်လို့ ဝင်ဘာလေ အားကစားရုံ ပြောခွင့်ရက ပြောပါတယ်။

"ဝင်ဘာလေကွင်း လုံခြုံရေးအစီအစဉ်ကို ပံ့ပိုးဖို့ ရဲတပ်ဖွဲ့ဝင်တွေမှာ ခိုင်မာတဲ့ စစ်ဆင်ရေးတခု ရှိနေပြီး အရာရှိတွေက ကွင်းတလျှောက် လုံခြုံရေး ထိန်းသိမ်းဖို့ ဘဏ္ဍာစိုးတွေနဲ့ အားကစားကွင်း ဝန်ထမ်းတွေ အနီးကပ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အားကစားကွင်းအတွင်း ကျူးကျော်သူတွေရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့လည်း ပြောပါတယ်။ ၂၀၂၁ ခုနှစ်တုန်းကလည်း အင်္ဂလန်နဲ့ အီတလီတို့ရဲ့ ယူရို ၂၀၂၀ ဖိုင်နယ်ပွဲစဉ်ကို ကျင်းပမယ့် ဝင်ဘာလေ အားကစားရုံမှာ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပရိသတ်အများအပြားက လက်မှတ်မပါဘဲ ကွင်းထဲဝင်ဖို့ ကြိုးပမ်းခဲ့ကြဖူးပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024