ဒေါ့မွန်ကို သရေကျပြီးနောက် ဂိုးသွင်းနှုန်းအတွက် အာတီတာ စိုးရိမ်နေ

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ပွဲချိန် အတွင်း အာဆင်နယ်တို့ အသာစီးရယူနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ကန်သွင်းချက် ၃၀ မှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကြောင့် အနိုင်ရလဒ်ကို မဖော်ဆောင်နိုင်ခဲ့တာပါ။
အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ တပွဲသာ တဂိုးထက်ပိုတဲ့ အကွာအခြားနဲ့ အနိုင်ရ ထားတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
နည်းပြ အာတီတာကတော့ အသင်းရဲ့ ကစားပုံကို ကျေနပ်ကြောင်း ပြောကြားခဲ့ပြီး ဂိုးရဖို့ အတွက် ကံတရားနဲ့ အဆုံးသတ်ပိုင်း ပိုကောင်းဖို့ လိုအပ်နေကြောင်း ဆိုပါတယ်။ အာဆင်နယ်ဟာ လာမဲ့ တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Photo:Reuters











