DVB Logo
Home
နိုင်ငံတကာ
ဒေါ့မွန်မြို့က ၄၅ မီတာရှည်သည့် ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်
DVB
·
November 25, 2025
ဒေါ့မွန်မြို့က ၄၅ မီတာရှည်သည့် ကမ္ဘာ့အမြင့်ဆုံး ခရစ္စမတ်သစ်ပင်
Donate to DVB

ဂျာမနီနိုင်ငံ၊ ဒေါ့မွန်မြို့မှာ ကမ္ဘာ့အမြင့်ဆုံးလို့ဆိုတဲ့ ခရစ္စမတ်သစ်ပင်ကြီးကို နိုဝင်ဘာ ၂၄ ရက်က စပြီး မီးအလှတွေ စတင်ထွန်းညှိလိုက်ပါပြီ။

၄၅ မီတာမြင့်တဲ့ ဒီသစ်ပင်ကြီးကိုတော့ Red Spruce (ရက်စပရုစ်) လို့ခေါ်တဲ့ ထင်ရှူးပင် ၁,၂၀၀ နဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး စုစုပေါင်း အလေးချိန် တန် ၄၀ လောက် ရှိပါတယ်။

သစ်ပင်ထိပ်ဖျားမှာ တပ်ဆင်ထားတဲ့ နတ်တမန်ရုပ်တုကတင် ၄ မီတာအမြင့်ရှိပြီး သစ်ပင်တပင်လုံးကိုတော့ LED မီးလုံးပေါင်း ၁၃၈,၀၀၀ နဲ့ အလှဆင်ထားတာပါ။

ဒီဒေါ့မွန် ခရစ္စမတ်သစ်ပင်ကြီးကို ၁၉၉၆ ခုနှစ်ကတည်းက နှစ်စဉ်မပျက် စိုက်ထူလာခဲ့တာ ဖြစ်ပါတယ်။

သစ်ပင်ကြီးဟာ "Christmas City" လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒေါ့မွန် ခရစ္စမတ်ဈေးပွဲတော်ရဲ့ အဓိကပြယုဂ်တခုဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်နဲ့ ဝန်းရံထားပါတယ်။

ဒါ့အပြင် သစ်ပင်မှာ တပ်ဆင်ထားတဲ့ မီးအလှတွေနဲ့ ၂ မိနစ်ကြာ ဖျော်ဖြေတင်ဆက်မှုတွေလည်း တနာရီခြား တခါ  ပြုလုပ်သွားမှာပါ။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013