Homeအားကစား
ဒေါ့မွန်ဘတ်စ်ကား ဗုံးခွဲခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သည့်အတွေ့အကြုံ မီခေးလ် မယ်ရီနို ပြော
ဒေါ့မွန်ဘတ်စ်ကား ဗုံးခွဲခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သည့်အတွေ့အကြုံ မီခေးလ် မယ်ရီနို ပြော
DVB
·
October 16, 2026

အာဆင်နယ်ကွင်းလယ်လူ မီခေးလ်မယ်ရီနိုဟာ ဒေါ့မွန်အသင်းမှာ ကစားစဉ်က ကြုံတွေ့ခဲ့ရတဲ့ ဘတ်စ်ကား ဗုံးခွဲခံရမှုအကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်မှာ ဆာဂျေ ဝါနာဂိုးလ်ဆိုသူက အသင်းကားကို ပစ်မှတ်ထားပြီး ပိုက်လုံးဗုံးတွေ ဖောက်ခွဲခဲ့တာပါ။
မယ်ရီနိုကတော့ အဲဒီအချိန်မှာ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခဲ့ရတာဖြစ်ပြီး သူ့ကို ကယ်တင် ပေးခဲ့တဲ့သူ တယောက်လုံး ရှိခဲ့ကြောင်း ဆိုပါတယ်။
အဲဒီဖြစ်ရပ်ဆိုးကြီးကနေ လွတ်မြောက်လာခဲ့တာဟာ ကံကောင်းလွန်းတယ်လိုလည်း သူက ထုတ်ဖော် ပြောပါတယ်။
Photo:Reuters











