Home
နိုင်ငံတကာ
အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ အဓိကပြိုင်ဘက် အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးခံရ
DVB
·
June 3, 2024
Photo-Reuters

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရဲ့ ဝန်ကြီးချုပ် အာဗင်း ကေဂျရီဝါဟာ အကျင့်ပျက် ခြစားမှုအတွက် နိုင်ငံရဲ့ ထိပ်တန်းတရားရုံးက ကြားဖြတ်အာမခံချက် ပြီးဆုံးသွားလို့ အကျဉ်းထောင်အာဏာပိုင်တွေဆီမှာ ဇွန် ၂ ရက်က အဖမ်းခံခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ကေဂျရီဝါဟာ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ထင်ရှားတဲ့ ပြိုင်ဘက် နိုင်ငံရေးသမားဖြစ်ပြီး ယစ်မျိုးလိုင်စင် ထုတ်ပေးရာမှာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ မတ်လမှာ အဖမ်းခံခဲ့ရပါတယ်။

ကေဂျရီဝါကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့လက တရားရုံးချုပ်က ကေဂျရီဝါကို ဇွန် ၁ ရက်အထိ အာမခံပေးခဲ့ပြီး အိန္ဒိယတနိုင်ငံလုံး အတိုင်းအတာ ၇ ဆင့် မဲပေးမှု နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန် ၂ ရက်မှာတော့ တရားခွင်အကြို ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေဆီ ပြန်ရောက်သွားခဲ့ပါတယ်။

ကေဂျရီဝါဟာ ၂၀၀၆ ခုနှစ်မှာ အာရှရဲ့ နိုဘယ်လ်ဆုလို့ မကြာမကြာ ခေါ်လေ့ရှိတဲ့ ရာမွန် မက်ဆေးဆေးဆုကို ရခဲ့တဲ့ အကြီးတန်း အခွန်အရာရှိဟောင်းတဦးပါ။

မှန်ကန်တဲ့ သတင်းအချက်အလက် လှုပ်ရှားမှုကို ဦးဆောင်ရင်း အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာမှာ ဆင်းရဲသားတွေကို ကူညီပေးခဲ့ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်က အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံးပေါ်ပါတီတွေထဲက တခုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပလက်ဖောင်းပေါ်မှာ တည်ထောင်ခဲ့ပြီး နိုင်ငံတော်ရဲ့ အထင်ကရပါတီဖြစ်လာအောင် အမြန် ဦးဆောင်နိုင်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024