DVB Logo
Home
နိုင်ငံတကာ
သမ္မတဟောင်း အမာဒီနဲဂျဒ် အီရန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ရန် စာရင်းသွင်း
DVB
·
June 3, 2024
သမ္မတဟောင်း အမာဒီနဲဂျဒ် အီရန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ရန် စာရင်းသွင်း
Donate to DVB

ပြီးခဲ့တဲ့လက ရဟတ်ယာဉ်ပျက်ကျလို့ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီ သေဆုံးပြီးတဲ့နောက် နိုင်ငံရဲ့ ဇွန် ၂၈ ရက် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အီရန်နိုင်ငံရဲ့ သဘောထားတင်းမာတဲ့ သမ္မတဟောင်း မာမွတ် အမာဒီနဲဂျဒ်ဟာ ဇွန် ၂ ရက်က စာရင်းသွင်းလိုက်ပါတယ်။ ဒါပေမဲ့ သူဟာ ရွေးကောက်ပွဲကနေ တားမြစ်ခံရနိုင်ပါတယ်။

တနင်္ဂနွေနေ့က စာရင်းသွင်းခဲ့တဲ့ တခြား သမ္မတလောင်း ကိုယ်စားလှယ်တွေထဲမှာ လက်ရှိ ယဉ်ကျေးမှုနဲ့ အစ္စလာမ္မစ် လမ်းညွှန်ချက်ဝန်ကြီး မိုဟာမက်ဒ် အယ်လ် အစ္စမိုင်လီ နဲ့ လွှတ်တော်အမတ်ဟောင်း မာမွတ် ဆာဒေဂီ တို့လည်း ပါဝင်ပါတယ်။

အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့ အုပ်ထိန်းသူကောင်စီက ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ပြီး အရည်အချင်းပြည့်မီသူများ စာရင်းကို ဇွန် ၁၁ ရက်မှာ ထုတ်ပြန်မှာပါ။

အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အမာဒီနဲဂျဒ်ဟာ ၂၀၀၅ ခုနှစ်မှာ အီရန်သမ္မတအဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာ သက်တမ်းကန့်သတ်ချက်တွေကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

အုပ်ထိန်းသူကောင်စီရဲ့ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ဟာ သူ့အကျိုးစီးပွားအတွက် မဟုတ်ဘူးလို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက သတိပေးခဲ့ပြီးနောက် တနှစ်အကြာမှာ သူ့ကို အုပ်ထိန်းသူကောင်စီက တားမြစ်ခဲ့တာပါ။

အမာဒီနဲဂျဒ်ဟာ ခါမေနီရဲ့ အဆုံးစွန် အခွင့်အာဏာအပေါ် ပြတ်ပြတ်သားသား စစ်ဆေးခံပြီးတဲ့နောက် သူတို့နှစ်ဦးကြား အကွဲအပြဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ခါမေနီကို ရှားရှားပါးပါး ဝေဖန်ရင်း အမာဒီနဲဂျဒ်က လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ အမာဒီနဲဂျဒ် ပြန်ရွေးကောက်ခံရချိန်က ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဦးဆောင်တဲ့ လုံခြုံရေးတပ်တွေက နှိမ်နင်းခဲ့လို့ လူဒါဇင်ချီ သေဆုံးပြီး ရာချီ အဖမ်းခံရတဲ့ မငြိမ်သက်မှုအတွင်းမှာ ခါမေနီက အမာဒီနဲဂျဒ်ကို ကျောထောက်နောက်ခံ ပြုခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013