DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ခုအတွင်း အဂတိပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ဝန်ထမ်း ၁၀၀ ကျော်ရှိ
DVB
·
June 2, 2024
၂၀၂၃ ခုအတွင်း အဂတိပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ဝန်ထမ်း ၁၀၀ ကျော်ရှိ
Donate to DVB

၂၀၂၃ ခုနှစ်အတွင်း စစ်တပ်နဲ့ပူးပေါင်းကာ လာဘ်စားမှုကြောင့် အဂတိပုဒ်မနဲ့ စစ်ဆေးခံနေရတဲ့ ဝန်ထမ်းဦးရေ ၁၀၀ ကျော်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ထွေအုပ်ဦးစီးဌာနနဲ့ အခြားဌာနဆိုင်ရာ ဝန်ထမ်း ၁၀၉ ဦးကို အဂတိပုဒ်မနဲ့ လတ်တလော စစ်ဆေးနေတာလို့ ပြည်ထဲရေးနဲ့ နီးစပ်တဦးက ပြောပါတယ်။

“ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲမှာ ပြည်ထဲရေးကများတယ်။ အွန်လိုင်းလိမ်လည်မှု၊ ပတ်စပို့ကိစွ၊ မှတ်ပုံတင်ကိစ္စ၊ မြေယာကိစ္စတွေနဲ့ စစ်ဆေးခံနေရတာ။” 

၂၀၂၃ ခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နဲ့ မော်လမြိုင်မှာရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲကို တိုင်ကြားစာ ၁၂၁၇ စောင်အထိ တိုင်ကြားခဲ့တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်မှ ထုတ်ပြန်ထားပါတယ်။

ပြည်ထဲရေးနဲ့ နီးစပ်တဦးက “တိုင်စာတွေထဲမှာ နေပြည်တော်ကအများဆုံးပဲ ၁၁၂၈ စောင်ရှိတယ်။ အဂတိပုဒ်မနဲ့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်က တိုင်စာ ၂၀ ကျော် ၃၀ ပဲရှိတယ်။ အဲ့တိုင်စာတွေထဲက တပ်ရော၊ ဌာနဆိုင်ရာရော စစ်ဆေးပြီး ဝန်ထမ်းအဖြစ်ကနေ အနားပေးတာရှိတယ်။ အချို့ကို ဖမ်းထားတယ်၊ အချို့က ဌာနဆိုင်ရာရုံးတွေမှာပဲ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုအတွင်း တိုင်ကြားစာတွေထဲမှ အချို့ကို စစ်ဆေးခဲ့ရာ ဝန်ထမ်း ၆ ဦးကို နိုင်ငံဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ပြီး ဝန်ထမ်း ၁၀၉ ဦးအား ဝန်ထမ်းစည်းကမ်းအရ အရေးယူကာ ပါဝင်ပတ်သက်နေသူ ၁၄ ဦးကိုလည်း အဂတိပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ မတ် ၂၅ ရက်က  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ဗိုလ်ချုပ်လှမိုး၊ ဗိုလ်ချုပ်ဇော်မင်း၊ ဗိုလ်ချုပ်စိုးလှိုင်နဲ့ ဗိုလ်ချုပ်လှမြင့်တို့ကို ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ အမိန့်ချခဲ့ပါတယ်။

အလားတူပင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၀ ရက်ကလည်း အဂတိပုဒ်မနဲ့  ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နဲ့ ဗိုလ်ချုပ်ရန်နောင်စိုးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သလို  ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း အဂတိပုဒ်မနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013