DVB Logo
Home
နိုင်ငံတကာ
မိုဒီ အင်အားစု ရွေးကောက်ပွဲအပြတ်အသတ်နိုင်ဟု စစ်တမ်းများ ဖော်ပြ
DVB
·
June 2, 2024
မိုဒီ အင်အားစု ရွေးကောက်ပွဲအပြတ်အသတ်နိုင်ဟု စစ်တမ်းများ ဖော်ပြ
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဘာရာတီယာဂျနာတာပါတီ (BJP) ဦးဆောင်တဲ့ မဟာမိတ်အင်အားစုဟာ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတယ်လို့ မဲရုံအထွက် စစ်တမ်းကောက်ယူမှုတွေက ဖော်ပြပါတယ်။

အမတ်နေရာ ၅၄၃ နေရာရှိတဲ့အောက်လွှတ်တော်မှာ အစိုးရဖွဲ့ဖို့  ၂၇၂ နေရာလိုအပ်တာဖြစ်ပေမဲ့ BJP ပါတီဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် (NDA) အင်အားစုဟာ အမတ်နေရာ ၃ ပုံ ၂ ပုံထက် မနည်းအနိုင်ရပြီး မူလခန့်မှန်းထားတာထက်တောင် အခြေအနေကောင်းတယ်လို့ စစ်တမ်းအများစုက ဖော်ပြပါတယ်။

အမတ်  ၃ ပုံ ၂ ပုံ ကျော်သာရရရင် အစိုးရဖွဲ့ရုံသာမက အခြေခံဥပဒေပါ ပြင်ဆင်ခွင့်ရှိလာမှာဖြစ်ပါတယ်။

NDA မဟာမိတ်အင်အားစုဟာ အမတ်နေရာ ၃၅၃ နေရာကနေ ၄၀၁ နေရာအထိ တောင်ရနိုင်တယ်လို့ အဓိကစစ်တမ်းကြီးငါးခုက ခန့်မှန်းတွက်ချက်ထားပါတယ်။

၂၀၁၉ တုန်းက NDA အင်အားစုဟာ ၃၅၃ နေရာအထိ ရခဲ့ပြီး အဲဒီထဲမှာ BJP တစ်ပါတီတည်းက ၃၀၃ နေရာရခဲ့ပါတယ်။ ဒီနှစ်မှာတော့ BJP ဟာ အဲဒီထက်တောင်ပိုရမယ်လို့ မှန်းပါတယ်။

အတိုက်အခံ ကွန်ဂရက်ပါတီဦးဆောင်တဲ့   အတိုကောက်အားဖြင့် အိန္ဒိယလို့ပဲ အသံထွက်တဲ့ အိန္ဒိယအမျိုးသားဖွံ့ဖြိုးရေးအင်အားစု (INDIA) ကတော့ ၁၂၅ နေရာကနေ ၁၈၂ နေရာအထိသာ ရမယ်လို့ မှန်းပါတယ်။

မဲရုံအထွက်စစ်တမ်းတွေဟာ နိုင်ငံတကာမှာဆိုရင် ရာနှုန်းအများအပြားမှန်လေ့ရှိပေမဲ့ အိန္ဒိယမှာတော့ တက်တက်စင်အောင်လွဲတတ်တဲ့ မှတ်တမ်းဆိုးလည်း ရှိနေပါတယ်။

မိုဒီကတော့ ဒီစစ်တမ်းတွေကို မရည်ညွှန်းဘဲ သူတို့အနိုင်ရပြီလို့ ကြွေးကြော်ထားပြီး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်မဲရလဒ်တွေတော့ မထွက်လာသေးပါဘူး။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013