DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့် တောင်သာတွင် စစ်တပ်ဂိတ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၄ ဦးသေ
DVB
·
June 2, 2024
ပခုက္ကူနှင့် တောင်သာတွင် စစ်တပ်ဂိတ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၄ ဦးသေ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီဂိတ်စခန်းတခုကို ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၁ ယောက် သေဆုံးပြီး မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာတော့ ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်ကို ဝင်ရောက်တိုက်ခိုက်လို့ ပျူစောထီးခေါင်းဆောင်နဲ့ တပည့် ၂ ယောက် သေဆုံး၊ သေနတ်နဲ့ ကျည်တွေရခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်မှာ မေ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ရဲဂိတ်စခန်းတခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖဆီကနေ သိရပါတယ်။

ပခုက္ကူ-ကမ္မလမ်းပိုင်းက ညောင်ပင်လှ စစ်ကောင်စီဂိတ်စခန်းကို မေ ၃၁ ရက်နေ့ မနက် ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဂိတ်မှာ ဘန်ကာဆောက်လုပ်နေတဲ့ စစ်ကောင်စီတပ်သား  ၁ ယောက်သေဆုံး၊ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖနဲ့ Black Cobra တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာတော့ တောင်ကန်တော်‌ကျေးရွာက ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်ကို ဝင်ရောက်တိုက်ခိုက်လို့ ပျူစောထီးခေါင်းဆောင်နဲ့ တပည့် ၂ ယောက် သေဆုံးခဲ့ပြီး သေနတ်နဲ့ ကျည်တွေရခဲ့တယ်လို့ Scorpions People Defense Force ဆီကနေ သိရပါတယ်။

မေ ၂၉ ရက် ညနေ ၆ နာရီခွဲလောက်က ပျူစောထီးခေါင်းဆောင် အောင်ဆန်းရဲ့နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

Scorpions People Defense Force ရဲ့ တာဝန်ခံတယောက်က  “စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်တဲ့ လူစုတာတွေ၊ ပြည်သူတွေအပေါ် ခြိမ်းခြောက်ပြီးပိုက်ဆံတောင်းတာတွေ၊ PDF တွေရဲ့ သတင်းတွေစုံစမ်းပြီး စစ်တပ်ကိုသတင်းပို့တာ၊ စစ်တပ်ကထုတ်ပေးထားတဲ့ သေနတ်နဲ့ လက်နက်ပြပြီး ပြည်သူကို အနိုင်ကျင့်တာတွေနဲ့ပတ်သက်ပြီး ကျနော်တို့ဆီက တိုင်ထားကြတဲ့သူတွေ များတယ်။ ကျနော်တို့ ဝင်ပစ်တဲ့အချိန်မှာ သူ့တပည့် ၂ ယောက်နဲ့ ပြန်ခုခံကြလို ၃ ယောက်လုံးကို အပြီးရှင်းခဲ့ရတာပါ” လို့ ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် အောင်ဆန်းရဲ့နေအိမ်ကနေ စစ်တပ်ထုတ်ပေးထားတဲ့ ကာဘိုင် ၁ လက် အပါအဝင် ကျည် ၆၇ တောင့်နဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ရွာခံတယောက်က “အရင်တုန်းက ဘာကောင်မှမဟုတ်ဘူး။ လူမလေးခွေးမခန့်။ အာဏာသိမ်းပြီး သိပ်မကြာပါဘူး၊ စစ်သားတွေနဲ့ပေါင်းသင်းပြီး ပျူစောထီးခေါင်းဆောင်ဖြစ်လာပြီး တပည့် ၂ ယောက်နဲ့ တပ်ကထုတ်ပေးထားတဲ့သေနတ်ပြပြပြီး ရွာသားတွေကို အနိုင်ကျင့်နေတာ။ သူ့ကြောင့် နိုင်ငံရေးမှုနဲ့ထောင်ကျနေရတဲ့ ရွာသားတွေရှိတယ်။ ဒုက္ခရောက်ကြတဲ့သူများတယ်။ ကောင်းကျိုးမပေးဘူး” လို့ ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် ရှင်းလင်းတာကို တောင်သာမြို့နယ် ပကဖ၊ The Value Of Young Men (မြင်းခြံခရိုင် တပ်ရင်းအမှတ် ၈)နဲ့ နေပြည်တော် PDF တပ်ရင်း ၈၀၁ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photos - တောင်သာမြို့နယ် ပကဖ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013