DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဆုဖလား ၁၅ ကြိမ်မြောက်ရရှိ
DVB
·
June 2, 2024
ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဆုဖလား ၁၅ ကြိမ်မြောက်ရရှိ
Donate to DVB

စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ဝင်ဘလေကွင်းကြီးမှာ ဇွန် ၂ ရက် ဒီမနက်စောပိုင်းကန်သွားတဲ့ ဥရောပချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမန်ကလပ်ဒေါ့မွန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိသွားပါတယ်။

ရီးရဲလ်အသင်းဟာ ဒေါ့မွန်းအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားသွားခဲ့ပြီး ပထပိုင်းမှာ ဂိုးမရှိသရေဖြစ်နေရာက ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ်မှာ ဂာာဗာဂျလ်က အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းပေးခဲ့ပါတယ်။ ဒုတိယအနိုင်ဂိုးကိုတော့ ဘယ်လင်ဂမ်ရဲ့ပေးပို့မှုကနေ  ဗန်နီစီးယက်စ်ဂျူနီယာက  ၈၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ပြိုင်ဘက် ဒေါ့မွန်အသင်းက‌တော့  ဂိုးပေါက်ကန်သွင်းခွင့်တွေရခဲ့ပေမဲ့  ရီးရဲလ်ဂိုး သမားကာကွယ်နိုင်ခဲ့တာနဲ့  သွင်းဂိုးတဂိုးကို လူကျွန်ဘောအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အတွက် ဂိုးမရရှိခဲ့ပါဘူး။  

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ရီးရဲလ် နည်းပြ အန်စလော့တီကအတွက်တော့ ဥရောပ ချန်ပီယံလိဂ်ဆုဖလားကို ၅ ကြိမ်မြောက်ရရှိတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ ၁၅ ကြိမ်မြောက် ရတဲ့ချန်ပီယံလိဂ် ဆုဖလားဖြစ်ပါတယ်။

နည်းပြဘဝမှာ ကစားသမားတွေနဲ့ ဆက်ဆံရေးက အရေးကြီးဆုံးအချက်ဖြစ်ကြောင်း အီတလီ နည်းပြ အန်စလော့တီက ပြောခဲ့ဖူးပါတယ်။

သူဟာ စိတ်ပိုင်းဆိုင်ရာဆရာဝန်မဟုတ်ပေမဲ့ အတွေ့အကြုံရှိတဲ့နည်းပြဖြစ်ကြောင်း၊ ကစားသမားတွေနဲ့ ဆက်ဆံရေးက အရေးကြီးဆုံးအချက် ဖြစ်ကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။

ဘောလုံးနည်းစနစ်၊ နည်းဗျူဟာတွေကို ပြောပြတာမျိုးထက် ကစားသမားတွေနဲ့ ဆက်ဆံရေးအခြေအနေက ပတ်သက်ဆက်နွှယ်နေပြီး ကောင်းမွန်တဲ့ အသင်းဖြစ်လာဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးနိုင်ရမှာဖြစ်ကြောင်း နည်းပြ အန်စလော့တီက ပြောသွားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013