မစ္စစ္စပီကမ်းလွန်တွင် လေယာဉ်ပျက်ကျပြီး လူ ၆ ဦး သေဆုံး

မစ္စစ္စပီကမ်းလွန်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ငယ်ပေါ် လိုက်ပါသွားသူ ၆ ယောက်စလုံးရဲ့ ရုပ်အလောင်းတွေကို ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းစဉ်ကို နိုဝင်ဘာ ၂၅ ရက်မှာ အဆုံးသတ်လိုက်ပြီလို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ဆက်စ်နာ တူးဝမ်းအို အမျိုးအစား အဲဒီလေယာဉ်ဟာ နိုဝင်ဘာ ၂၄ ရက် ဗဟိုစံတော်ချိန် (CST) ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တာပါ။
မစ္စစ္စပီပြည်နယ် ရေကြောင်းအရင်းအမြစ်ဌာနက ရေငုပ်သမားတွေဟာ ဟွန်းကျွန်းရဲ့ အရှေ့မြောက်ဘက် ၂ မိုင်လောက်အကွာက လေယာဉ်ကိုယ်ထည်ထဲမှာ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အင်္ဂါနေ့ညပိုင်းက ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေထဲမှာ ဂျက်ဆန်ကောင်တီ ကမ်းရိုးတန်းအနီး မီးအလင်းရောင်တွေ တဖျပ်ဖျပ်လက်နေတဲ့ လှေတွေ သွားလာနေပြီး ကမ်းစပ်မှာလည်း အရေးပေါ်ယာဉ်တွေ စုဝေးရောက်ရှိနေတာကို တွေ့ရပါတယ်။
Source: Reuters











