DVB Logo
Home
နိုင်ငံတကာ
အပြာမယ်နှုတ်ပိတ်ခအမှု အပါအဝင် ၃၄ မှုအတွက် ဒေါ်နယ်ထရမ့်ပ်တွင် အပြစ်ရှိဟု ဆုံးဖြတ်
DVB
·
May 31, 2024
အပြာမယ်နှုတ်ပိတ်ခအမှု အပါအဝင် ၃၄ မှုအတွက် ဒေါ်နယ်ထရမ့်ပ်တွင် အပြစ်ရှိဟု ဆုံးဖြတ်
Donate to DVB

၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ အပြာရုပ်ရှင်မင်းသမီးကို နှုတ်ပိတ်ခပေးမှုကို ဖုံးကွယ်ဖို့ စာရွက်စာတမ်းတွေ အတုလုပ်ခဲ့တဲ့အမှု အပါအဝင် စွဲချက်တင်ထားတဲ့ ၃၄ မှုလုံးအတွက် သမ္မတ‌ဟောင်း ဒေါ်နယ်ထရမ့်ပ်မှာ အပြစ်ရှိတယ်လို့ နယူးယောက် တရားသူကြီး ဂျူရီအဖွဲ့က မေ ၃၀ ရက်မှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် ထရမ့်ပ်ဟာ ရာဇဝတ်ကြောင်းအရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။

နှစ်ရက်ကြာ သုံးသပ်ခဲ့ကြအပြီးမှာ စွဲချက် ၃၄ ခုလုံးအတွက် အပြစ်ရှိတယ်လို့ ဂျူရီ ၁၂ ဦးက ဆုံးဖြတ်ခဲ့ပါတယ်။

ဘာပြစ်ဒဏ်ချမလဲ ဆိုတာကိုတော့ တရားသူကြီး ဟွမ်မာချိန်က ဇူလိုင် ၁၁ ရက်မှာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲအတွက် ထရမ့်ပ်ကို ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင်အတည်မပြုမီ ရက်ပိုင်းအလိုမှာ ပြစ်ဒဏ်ချခံရမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း စာရွက်စာတမ်းအတုလုပ်မှုဟာ အမြင့်ဆုံး ထောင်ဒဏ် ၄ နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုဖြစ်ပေမဲ့ ဒီအမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရသူ အများစုဟာ ပိုတိုတောင်းတဲ့ ထောင်ဒဏ်၊ ဒဏ်ကြေး၊ ခံဝန်ချုပ်လောက်နဲ့ပဲ ပြီးလေ့ရှိပါတယ်။

အကယ်၍ ထောင်ကျမယ်ဆိုရင်တောင် အမေရိကန်ဥပဒေအရ မဲဆွယ်ခွင့်၊ အနိုင်ရရင် သမ္မတအဖြစ် ထမ်းဆောင်ခွင့်ကို ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013