DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူ ၁၃ သန်း စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့ရနိုင်
DVB
·
May 30, 2024
မြန်မာပြည်သူ ၁၃ သန်း စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့ရနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း လူဦးရေ ၁၃ သန်းကျော်လောက် စားနပ်ရိက္ခာ မလုံလောက်မှု အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ယူကေနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဂျိမ်းစ်ကယ်ရီယူကီက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ယူကေနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ UN Arria-formula Meeting ခေါ် နှီးနှောဖလှယ်ပွဲမှာ ခုလိုပြောလိုက်တာ ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာမလုံခြုံမှုအဆင့်ကို ပိုမိုအာရုံစိုက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အာရုံစိုက်တဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီးနောက် ၁၂ လတာကာလအတွင်း မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီလိုအပ်နေသူဦးရေဟာ ၁၇ ဒသမ ၆ သန်းကနေ ၁၈ ဒသမ ၆ သန်းအထိ တိုးလာခဲ့တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ပြည်တွင်း နေရပ်စွန့်ခွာရသူဦးရေဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ၁ ဒသမ ၈ သန်းရှိခဲ့ရာကနေ အခုအခါမှာတော့ ၃ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေနဲ့ ကလေးသူငယ်တွေဟာလည်း စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အရပ်သားလူထုအပေါ် ဖိနှိပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအကျပ်အတည်းကို ပြင်းထန်စွာ ရင်ဆိုင်နေကြရပြီး ကလေးသူငယ်ဦးရေ ထက်ဝက်ကျော်ဟာ ကျောင်းထွက်ရတာ၊ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွေမှာ အနှောင့်အယှက်ဖြစ်စေတာ၊ စားနပ်ရိက္ခာ မလုံလောက်မှု မြင့်တက်လာတာတွေကြောင့် ကလေးသူငယ်တွေအနေနဲ့ အာဟာရ ချို့တဲ့မှုဒဏ်ကို များစွာခံစားရမယ့် အန္တရာယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ မြန်မာ့ကလေးငယ်တွေနဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ကာကွယ်ဖို့အတွက် ပံ့ပိုးကူညီပေးဖို့ လိုအပ်ကြောင်းနဲ့ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တုံ့ပြန်မှု အရှိန်မြှင့်ဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။

ယူကေနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ လူပေါင်း ၁ ဒသမ ၈ သန်းကို အာဟာရနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013