
ဂျေရုစလင်မြို့မှာ နေပူစာလှုံနေတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တခုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ထပ်မံထုတ်ပြန်လိုက်ပါတယ်။
ဗီဒီယိုထဲမှာ နေတန်ယာဟုဟာ ကော်ဖီဆိုင်အပြင်ဘက်မှာ လမ်းလျှောက်ရင်း ပြည်သူတွေနဲ့ စကားပြောနေတာကို တွေ့ရသလို အမျိုးသမီးတယောက်ကိုလည်း "နေပူစာလှုံဖို့ထွက်လာတာ"လို့ ပြောဆိုခဲ့ပြီး ပါလာတဲ့ ခွေးအမျိုးအစားကိုပါ မေးမြန်းခဲ့ပါတယ်။
ဒါ့အပြင် အီရန်ရဲ့ ဒုံးကျည်ရန်ကနေ ကာကွယ်ဖို့ ဘေးကင်းရာမှာ နေထိုင်ကြဖို့ကိုလည်း ပြည်သူတွေကို သတိပေးမှာကြားခဲ့ပါတယ်။
နေတန်ရာဟုဟာ AI နည်းပညာသုံးထားတာ မဟုတ်ကြောင်းနဲ့ သူ မသေသေးကြောင်းကိုလည်း ပထမဗီဒီယိုမှာ လက်ချောင်းတွေထောင်ပြပြီး လှောင်ပြောင်ခဲ့ပါသေးတယ်။
လက်ရှိမှာ အစ္စရေးအနေနဲ့ အီရန်ကို အနည်းဆုံး နောက်ထပ် ၃ ပတ် ဆက်တိုက်ဖို့ စီစဉ်ထားတယ်လို့ မတ် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးပြည်သူ သန်းနဲ့ချီက ခိုလှုံရေးစခန်းတွေကို နေ့စဉ်ဝင်ထွက်နေရသလို လက်ရှိအချိန်ထိ လူ ၁၂ ယောက် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
Source:Reuters










