DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို ဘယ်လ်ဂျီယံက F-16 တိုက်လေယာဉ် အပါအဝင် စစ်ရေးအကူအညီ ယူရို ၉၇၇ သန်း ကူညီမည်
DVB
·
May 29, 2024
ယူကရိန်းကို ဘယ်လ်ဂျီယံက F-16 တိုက်လေယာဉ် အပါအဝင် စစ်ရေးအကူအညီ ယူရို ၉၇၇ သန်း ကူညီမည်
Donate to DVB

ယူကရိန်းနဲ့ ဘယ်လ်ဂျီယံတို့ဟာ F-16 ဂျက်တိုက်လေယာဉ် အစင်း ၃၀ ပေးပို့ခြင်း အပါအဝင် ၂ နိုင်ငံ လုံခြုံရေးသဘောတူညီချက်ကို မေ ၂၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဘရပ်ဆဲလ်စ်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဆန်ဒါ ဒီခရူးတို့ တွေ့ဆုံချိန်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီစာရွက်စာတမ်းမှာ ဒီနှစ်အတွက် ယူကရိန်းကို ဘယ်လ်ဂျီယံ စစ်ရေးအကူအညီ အနည်းဆုံး ယူရို ၉၇၇ သန်း ပါဝင်တဲ့အပြင် ဒီသဘောတူညီချက်မှာ ၁၀ နှစ်သက်တမ်းတလျှောက် ပံ့ပိုးကူညီမှုပေးမယ်ဆိုတဲ့ ဘယ်လ်ဂျီယံရဲ့ ကတိကဝတ်လည်း ဖြစ်တယ်လို့ ဇလန်းစကီးက ဆိုရှယ်မီဒီယာပို့စ်တခုမှာ ပြောပါတယ်။

မေ ၂၇ ရက်က ဇလန်းစကီးဟာ စပိန်ကိုလည်း သွားရောက်ခဲ့ပြီး ဇလန်းစကီးနဲ့ စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ် အစိုးရအကြား လုံခြုံရေးသဘောတူစာချုပ်အရ အခုနှစ်အတွင်း ယူရို ၁ ဘီလီယံ တန်ဖိုးရှိ စစ်ရေးထောက်ပံ့မှုကို ကတိပြုခဲ့ပါတယ်။

ယူကရိန်းဟာ လက်နက်ထောက်ပံ့ရေးနဲ့ ကိယက်ဗ်ရဲ့ တပ်ဖွဲ့တွေအတွက် လေ့ကျင့်ရေးပုံစံတွေကို ရေရှည်လုံခြုံရေး အကူအညီကို ကတိပြုထားတဲ့ သူ့ရဲ့ အနောက်နိုင်ငံ မိတ်ဖက်တွေနဲ့ ဒီလိုသဘောတူညီချက်တွေကို ဆက်တိုက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013