DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်  MOU မြန်မာအလုပ်သမား ၉ ဦး လုပ်ခလစာမရဘဲ အခက်ကြုံ
DVB
·
May 29, 2024
ထိုင်းနိုင်ငံတွင်  MOU မြန်မာအလုပ်သမား ၉ ဦး လုပ်ခလစာမရဘဲ အခက်ကြုံ
Donate to DVB

ထိုင်းနိုင်ငံ၊ ဆင်ထန်း၊ ဖလန်းဆောင်ရှိ ဘီဘီယာလမ်းတံတားဆောက်လုပ်ရေးမှာ မြန်မာအလုပ်သမား ၉ ဦး လုပ်ခရစာမရရှိတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ကာယကံရှင်အလုပ်သမားတွေထံက သိရပါတယ်။

MOU မြန်မာအလုပ်သမား ၉ ဦးထဲမှ ၅ ဦးဟာ ပတ်စပို့စာအုပ်အနီကိုင်ဆောင်ထားသူတွေဖြစ်ပြီး ကျန် ၄ ဦးဟာ မြန်မာနိုင်ငံမှ မြင့်မြတ်တံခွန် အေဂျင်စီနဲ့ ချိတ်ဆက်ပြီး လာရောက်လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။

ကာယကံရှင်အလုပ်သမားတဦးက “သူဌေးက လုပ်အားခ ၁ လစာထုတ်မပေးဘဲ ကျနော်တို့ကို နှင်ထုတ်တယ်။ လုပ်ခလစာက လူ ၉ ယောက်အတွက် ဘတ် ၁ သိန်းကျော်ရမှာပါ။ သူဌေးက သူဌေးပြောင်းလက်မှတ်အပါအဝင် အထောက်အထားတွေသိမ်းထားတော့ ကျနော်တို့က တခြားတနေရာမှာ အလုပ်သွားလုပ်လို့မရဘူး”လို့ ပြောပါတယ်။

အဆိုပါမြန်မာအလုပ်သမား ၉ ဦးကို WAG အဖွဲ့ရုံးမှာ ကူညီစောင့်ရှောက်ထားပြီး လုပ်အားခနဲ့ အထောက်အထားတွေ ပြန်လည်ရရှိဖို့ WAG အဖွဲ့တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ ကာယကံရှင်အလုပ်သမားတွေက ဆိုပါတယ်။

WAG အဖွဲ့မှ ကိုမုန်တိုင်းက “ကျနော်တို့ အလုပ်သမားလုပ်အားခပြန်လည်ရရှိဖို့အတွက် စာဝါဒီကန်ရုံးမှာ တိုင်ကြားထားတယ်။ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေရရှိဖို့အတွက် ကြာဟာငန်ရုံးမှာ တိုင်ကြားရဦးမယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ မြန်မာအလုပ်သမား ၂၃ ဦးကိုလည်း လုပ်အားခ ဘတ် ၂ သိန်းကျော်နဲ့ အထောက်အထားတွေပြန်လည်ရအောင် WAG အဖွဲ့က  မေ ၂၈ ရက်မှာ  သွားရောက်ကူညီဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013