DVB Logo
Home
နိုင်ငံတကာ
ဥရောပနိုင်ငံများအားကာကွယ်ရေး မားမားမတ်မတ်ရပ်တည်ရန် ပြင်သစ်သမ္မတ တိုက်တွန်း
DVB
·
May 28, 2024
ဥရောပနိုင်ငံများအားကာကွယ်ရေး မားမားမတ်မတ်ရပ်တည်ရန် ပြင်သစ်သမ္မတ တိုက်တွန်း
Donate to DVB

အမေရိကန်ကို အားကိုးရုံတင်မဟုတ်ဘဲ ရန်သူတွေဆီကနေ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းကောင်း ခုခံကာကွယ်ကြဖို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ဥရောပတိုက်သားတွေကို တိုက်တွန်းလိုက်ပါတယ်။

“ဒီပြဿနာမှာ လုံးဝ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် မိတ်ဖက်ဝါဒကိုရော လုံးဝ အမျိုးသားရေးဝါဒကိုပါ ရပ်တန့်လိုက်ကြရအောင်။ ငါတို့ ဥရောပသားတွေ ပြတ်ပြတ်သားသား ရပ်တည်ကြပါစို့” လို့ မက်ခရွန်က ပြောပါတယ်။

မက်ခရွန်ဟာ ဂျာမနီနိုင်ငံဆီ ၃ ရက်ကြာ တရားဝင်ခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် မေ ၂၇ ရက်မှာ ဒရက်စ်ဒန်မြို့မှာ ရောက်နေတုန်း လူငယ်တွေကိုပြောတဲ့ မိန့်ခွန်းအတွင်း ခုလို ပြောလိုက်တာပါ။

ဥရောပသားတွေဟာ ရန်သူတွေက ဘယ်သူဆိုတာကို ပိုရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့ လိုတယ်လို့လည်း မက်ခရွန်က ပြောခဲ့ပါတယ်။

“ပိုပြီး လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ ဥရောပဖြစ်စေဖို့ အကုန်လုပ်ရအောင်။ သူ့ကိုယ်သူ ခုခံကာကွယ်နိုင်တဲ့ ဥရောပ၊ ရပ်တည်နိုင်တဲ့ ဥရောပ၊ ခြိမ်းခြောက်မှုတွေ အားလုံးနဲ့ ရင်ဆိုင် ရှင်သန်နိုင်တဲ့ ဥရောပ ဖြစ်ဖို့ပေါ့” လို့ မက်ခရွန်က ပြောပါတယ်။

“ဒါကို ကျနော်တို့ အခုတည်ဆောက်ရမယ်။ ဒါက ငြိမ်းချမ်းရေးနဲ့ ဘုံလုံခြုံရေးအတွက် ဖြစ်နိုင်တဲ့ ဥရောပပါ” လို့ မက်ခရွန်က ဆက်ပြောပါတယ်။

လာမယ့် ဥရောပရွေးကောက်ပွဲတွေ အပြီးမှာ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဥရောပသမဂ္ဂ (EU) ကို ဘတ်ဂျက်နှစ်ဆတိုးပေးဖို့ မက်ခရွန်က တောင်းဆိုထားပေမဲ့ ရန်ပုံငွေအတိအကျ ပမာဏကို လမ်းဖွင့်ထားခဲ့ပါတယ်။

“ဘတ်ဂျက်အရွယ်အစားအားဖြင့်ဖြစ်စေ၊ ပူးတွဲချေးယူ နည်းဗျူဟာတွေ ဒါမှမဟုတ် ရှိနှင့်ပြီးသား အတိုင်းအတာတွေက တဆင့်ဖြစ်စေ ကျနော်တို့ရဲ့ ဥရောပဘတ်ဂျက်ကို နှစ်ဆတိုးကြပါစို့။ အများသူငါ ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆတိုးကြပါစို့။ အရင်းအနှီး၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဒီဘုံဈေးကွက်ကို တည်ဆောက်ကြပါစို့” လို့လည်း မက်ခရွန်က ပြောပါတယ်။

“ဥရောပဟာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တုန်လှုပ်စရာ ကောင်းလောက်အောင် လိုအပ်တယ်” လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013