DVB Logo
Home
နိုင်ငံတကာ
ထိုင်းဘုရင် ဓာတ်ပုံအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သူ ထောင်ဒဏ် ၄ နှစ် အပြစ်ပေးခံရ 
DVB
·
May 27, 2024
ထိုင်းဘုရင် ဓာတ်ပုံအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သူ ထောင်ဒဏ် ၄ နှစ် အပြစ်ပေးခံရ 
Donate to DVB

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဒသမမြောက်ထိုင်းဘုရင်ရဲ့ ဓာတ်ပုံပါပိုစတာကြီးကို ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒပြခဲ့တဲ့ ထိုင်းအနုပညာရှင် အဲမ်မိ Amy the Bottom Blues ကို ထိုင်းရာဇဝတ်မှုတရားရုံးက ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ 

သူ့ရဲ့အမှုကို  ဘန်ကောက်ရာ့ချ်ဒါးဖိဆစ်နယ်မြေရှိ ရာဇဝတ်မှုဆိုင်ရာတရားရုံးက  မေ ၂၇ ရက် ဒီမနက်မှာ အပြီးသတ်စစ်ဆေးပြီး ထောင်ဒဏ် ၄ နှစ်ကျခံစေဖို့  စီရင်ချက်ချလိုက်တာပါ။

ဒါ့အပြင် သူနဲ့ကြံရာပါ အပေါင်းအဖော် နိုင်းထနဖတ်ဆိုသူမှာလည်း ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ပြီး သူကတော့ ပြစ်မှုကျူးလွန်စဉ် အသက် ၁၈ နှစ်သာရှိသေးတဲ့လူရွယ်ဖြစ်တာက တကြောင်း၊ အမှုစစ်ဆေးစဉ်  ကောင်းမွန်စွာဖြေဆိုပြီး အချက်အလက်တွေပေးတဲ့အတွက်  ထောင်ဒဏ် ၁ နှစ် နဲ့ ၆ လထိ လျှော့ပေါ့ပေးလိုက်ပါတယ်။ 

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့   ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်း ညသန်းခေါင်ယံမှာ ဘန်ကောက် ခလောင်းပဲန်အကျဉ်းထောင်ရှေ့မှာ ထောင်ထားတဲ့ လက်ရှိ မဟာဝဇီရာလောင်ကွန်းရဲ့  ဓာတ်ပုံပါ ဆိုင်းဘုတ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ရုံတင်မက ဗွီဒီယိုရိုက် ကူးပြီး သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။ 

ဒါကြောင့် တာဝန်ရှိသူတွေက အဲမ်မိကို ပုဒ်မ ၁၁၂ နိုင်ငံ့ဦးသျှောင်ဘုရင့်သိက္ခာစော်ကားမှု ၊  ပုဒ်မ ၂၁၇ အများပြည်သူပိုင်ပစ္စည်းဖျက်စီးမှု၊ ပုဒ်မ ၁၄(၃) မဟုတ်မမှန်သတင်းဖြန့်ဝေမှု (ကွန်ပြူတာဥပဒေ ) စတဲ့ စွဲချက် ၃ ခုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ 

တရားစွဲခံရပြီးနောက် အာမခံနဲ့ ပြင်ပကနေ အမှုရင်ဆိုင်နေတာမှာ ဒီကနေ့မှာ ထောင်ဒဏ်အပြစ် ပေးခံ လိုက်ရတာပါ။ 

အဲမ်မိ Amy the Bottom Blues ရဲ့ အမည်ရင်းမှာ နိုင်းချိုင်းအမွန်း ကယောက်ဝိကွန်းဖန်းဖြစ်ပြီး အသက် ၃၅ နှစ်ရွယ်ရှိပါတယ်။ သူဟာ လူငယ်တွေကြားရေပန်းစားတဲ့ အဆိုတော် / မော်ဒယ်လ် တဦးဖြစ်သလို တေးရေးသူ / ဂီတာတီးခတ်ကျွမ်းကျင်သူအနုပညာရှင်လည်းဖြစ်ပါတယ်။ 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်ပြီး  ထိုင်းမှာ စစ်အာဏာရှင်စနစ်ပပျောက်ရေး၊ စစ်မှန်သောဒီမိုကရေစီစနစ် ထွန်းကားရေးနဲ့ တော်ဝင်မိသားစုဆိုင်ရာ ပုဒ်မ ၁၁၂ ဖျက်သိမ်းရေး ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကအမြဲပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ 

Source/ Photo Credit- Matichon/Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013