DVB Logo
Home
မြန်မာသတင်း
ရင်သွေးရတနာကျောင်းအုပ်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်၊ စစ်တွေတွင် စစ်ရှောင် ၄ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
May 27, 2024
ရင်သွေးရတနာကျောင်းအုပ်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်၊ စစ်တွေတွင် စစ်ရှောင် ၄ ဦးကို စစ်တပ်က ဖမ်းဆီး
1 / 2
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်မှာရှိတဲ့ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦးကို မေ ၂၅ ရက်က ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆရာမ ဒေါ်ထားထားဦးကို စစ်ကိုင်းခရိုင် ထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ-၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်လို့ ကျောင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဆရာမကြီးကို ဖမ်းသွားပြီး ၈ လကြာမှ အခုလို ထောင်ဒဏ်ချမှတ်လိုက်ကြတာပါ။ သူတို့ကတော့ စွပ်စွဲချက်ပေါင်းများစွာနဲ့ ပုဒ်မတွေတပ်ပြီး အခုလို ထောင်ချတာက စစ်အစိုးရလက်ထက် မထူးဆန်းပါဘူး။” 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်ညမှာ စစ်ကောင်စီက ရင်သွေးရတနာကျောင်းရဲ့ ပိုင်ရှင်ဖြစ်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦးကို ဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့ လှုံ့ဆော်မှုအပြင် NUG က တရားမဝင်ဖွင့်ထားတဲ့ Sagaing Fedral School အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးတဲ့ ကိစ္စတွေကြောင့် ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ ကျောင်းကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာလည်း မေ ၂၄ ရက်ညက စစ်ဘေးရှောင်ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ် ပါဒလိတ် ကျေးရွာနားမှာ မေ ၂၄ ရက်နေ့ ည ၁၁ နာရီလောက်က တခြားကျေးရွာဘက်တွေကို စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးသွားတယ်လို့ စစ်တွေမြို့ခံတယောက်က DVB ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ စစ်တွေမြို့နယ် ကြွီတဲရွာက အသက် ၃၃ နှစ်အရွယ် ဦးမောင်သန်းလှ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်စိုးစိုး၊ ပိုက်ဆိပ်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးမောင်မြဝင်း နဲ့ ကျောက်တန်းကြီးကျေးရွာက အသက် ၄၃ နှစ်အရွယ် ဒေါ်မမခင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ ပြည်သူ သိန်းနဲ့ချီ ပိတ်မိနေတာပါ။ စစ်ကောင်စီဘက်ကတော့ ပိတ်မိနေတဲ ပြည်သူတွေကို ဘယ်မှပေးမသွားဘဲ သွားဖို့ကြိုးစားတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေသလို နေ့စဥ် ဧည့်စာရင်းစစ်ဆေးပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

စစ်တွေမြို့မှာ မေ ၁၅ ရက်ကလည်း ပန်းရန်လုပ်တဲ့ ပြည်သူ အယောက် ၄၀ လောက်ကို စစ်ကောင်စီတပ်က ဧည့်စာရင်းကို အကြောင်းပြက ဖမ်းဆီးသွားပြီး မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၇၂၈ ဦးရှိတဲ့အနက် ၂၀၄၈၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း၊ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၀၀၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ် ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013