DVB Logo
Home
နိုင်ငံတကာ
ပြင်းထန်လေထုမငြိမ်သက်မှုကြောင့် ကာတာလေကြောင်းဖြင့် လိုက်ပါသူ ၁၂ ဦး ဒဏ်ရာရ
DVB
·
May 27, 2024
ပြင်းထန်လေထုမငြိမ်သက်မှုကြောင့် ကာတာလေကြောင်းဖြင့် လိုက်ပါသူ ၁၂ ဦး ဒဏ်ရာရ
Donate to DVB

ကာတာလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစင်းဟာ မေ ၂၆ ရက်က တူရကီနိုင်ငံပေါ်က ဖြတ်ကျော်ပျံသန်းချိန်မှာ ဆိုးရွားလေထုမငြိမ်သက်မှု (severe turbulence) နဲ့ ရင်ဆိုင်ခဲ့ရပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်ဟာ ရုတ်တရက် ထိုးဆင်းသွားပြီးတဲ့နောက် လေယာဉ်အမှုထမ်းတဦး လေထဲလွင့်သွားခဲ့တယ်လို့ လိုက်ပါလာတဲ့ ခရီးသည်တွေက RTE News သတင်းဌာနကို ပြောပါတယ်။

လေယာဉ်ဟာ စက္ကန့်အနည်းငယ်ကြာ ထိုးဆင်းနေခဲ့ပြီး အစားအသောက်တွေပါ လေထဲ ပျံဝဲကုန်တယ်လို့ ကိုယ်တွေ့ကြုံရသူတဦးက ပြောပါတယ်။

လန်ဒန်ကနေ စင်ကာပူကို ပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်လည်း အလားတူဖြစ်စဉ် ကြုံခဲ့ရပြီး တပတ်တောင်မပြည့်သေးခင် ဒုတိယအကြိမ် ထပ်ဖြစ်တာပဲ ဖြစ်ပါတယ်။

စင်ကာပူလေယာဉ်ကတော့ ဘန်ကောက်မှာ အရေးပေါ်ဆင်းခဲ့ရပြီး ဒဏ်ရာရသူ ပိုများသလို တဦး သေဆုံးခဲ့ပါတယ်။

အခုဖြစ်စဉ်မှာတော့ ဘိုးအင်း ၇၈၇ လေယာဉ်မှာ လေထုမငြိမ်မသက်မှုနဲ့ ကြုံတဲ့အချိန် ခါးပတ်မီးတွေ လင်းမလာခဲ့ဘူးလို့ ဆိုပါတယ်။

လေယာဉ်အမှုထမ်းတချို့ မျက်နှာတွေ ပွန်းပဲ့ကုန်ပြီး လူတဦးဆို လက်တဖက် ကျောက်ပတ်တီးကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လေထုမငြိမ်သက်မှုကြောင့် လေယာဉ်ခရီးသွားတွေ သေဆုံးတာ၊ ဒဏ်ရာရတာဟာ အင်မတန်မှ ရှားတဲ့ကိစ္စပါ။

ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ဒီလိုဖြစ်စဉ်တွေ အဖြစ်များလာတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။

ရာသီဥတုပြောင်းလဲလာမှုကြောင့် မတူညီတဲ့ အမြင့်တွေမှာ လေတိုက်နှုန်း အပြောင်းအလဲက ပိုပြင်းထန်လာတာကြောင့် မငြိမ်သက်မှုတွေ ပိုများလာတယ်လို့ ရက်ဒင်းတက္ကသိုလ်က သုတေသနတခုမှာ ဖော်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013