DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယ ကလေးဆေးရုံ မီးလောင်ပြီး မွေးကင်းစကလေး ၆ ဦး သေဆုံး
DVB
·
May 27, 2024
အိန္ဒိယ ကလေးဆေးရုံ မီးလောင်ပြီး မွေးကင်းစကလေး ၆ ဦး သေဆုံး
Donate to DVB

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ကလေးစောင့်ရှောက်ရေးဆေးရုံမှာ မီးလောင်လို့ မွေးကင်းစကလေး ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက မေ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

မြို့တော်အရှေ့ဘက်ပိုင်းက ဆေးရုံမှာ မေ ၂၅ ရက် ညနက်ပိုင်းက လောင်ခဲ့တဲ့မီးကို မီးသတ်သမားတွေက ကြိုးစားငြှိမ်းသတ်နေတာကို ရုပ်မြင်သံကြား ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

နောက်ထပ်ကလေး ၆ ဦးကို ကယ်ဆယ်ပြီး တခြားဆေးရုံတခုဆီ ခေါ်သွားခဲ့တယ်လို့ မီးသတ်ဌာနက ANI သတင်းဌာနကို ပြောခဲ့ပါတယ်။

ကလေးဆေးရုံပိုင်ရှင်ကတော့ ထွက်ပြေးသွားပြီလို့ ဒေလီရဲတပ်ဖွဲ့က ပြောပါတယ်။ နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က ဖျော်ဖြေရေးစင်တတခုမှာ မီးလောင်လို့ လူ ၂၇ ဦး သေဆုံးပြီး တရက်အကြာမှာ ကလေးဆေးရုံ မီးလောင်မှု ဖြစ်ခဲ့တာပါ။

ဖျော်ဖြေရေးစင်တာ မီးလောင်မှုနဲ့ ပတ်သက်ပြီး လူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013