DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ဖမ်းဆီးရန် စစ်တပ်က သတင်းပေးအဖွဲ့များ ဖွဲ့စည်း
DVB
·
May 26, 2024
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ဖမ်းဆီးရန် စစ်တပ်က သတင်းပေးအဖွဲ့များ ဖွဲ့စည်း
Donate to DVB

ရန်ကုန်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရမိရေးအတွက် မြို့နယ်အချို့မှာ စစ်တပ်က သတင်းပေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း ၄၅ မြိုနယ်အတွင်းမှာ ပစ်ခတ်မှု၊ ဆန္ဒပြမှုနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေကိုကို အသွင်ယူဖော်ထုတ်ဖမ်းဆီးဖို့ မြို့နယ်အချို့မှာ အဓိက ဖွဲ့စည်းထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တဦးက DVB ကို ပြောပါတယ်။

“အသစ်ရောက်လာတဲ့ ဒုတိုင်းမှူးစီစဥ်တာ စရဖဘက်ကနေ၊ တိုင်းရောက်တော့ သတင်းပေးတွေ မွေးမှရမယ်ဆိုပြီး ဖွဲ့ပေးလိုက်တာ။  မြို့နယ်တိုင်းမှာရှိတယ်၊ စစ်အုပ်ချုပ်ရေးမြို့နယ်မှာ လူပိုများတယ်။” 

တောင်ဒဂုံမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းသူတွေ၊ ဘေးတွဲမောင်းသူတွေ၊ ထောင်ထွက်တွေနဲ့ ရဲသတင်းပေးတွေကို စုစည်းကာ သိမ်းငှက်အမည်ရှိ သတင်းပေးအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းပေးထားတယ်လို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။

“သူတို့တွေက အင်္ကျီအနက်တွေ၊ Mask ကလည်း အနက်တွေနဲ့၊ တောင်ဒဂုံထဲက ခိုးဆိုးနှိုက်တွေ အကုန်ပါတယ် ရဲသတင်းပေးတွေရော။ သူတို့မှာ စစ်တပ်မပါဘဲ လမ်းသွားလမ်းလာတွေ စစ်ဆေးတာ၊ ဆိုင်ကယ်တွေကားတွေစစ်တာ လုပ်ပိုင်ခွင့်ရှိတယ်။” 

လှိုင်သာယာအရှေ့နဲ့ အနောက်ပိုင်းမြို့နယ်မှာတော့ ၂၀၀၇ ရွှေဝါရာင်အရေးတော်ပုံမှာ ဖြိုခွင်းခဲ့တဲ့ စစ်တပ်သတင်းပေးတွေနဲ့ ရဲသတင်းပေးတွေ ဦးဆောင်ကာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ဖွဲ့စည်းထားတာလို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။

“လှိုင်သာယာက အင်ဖော်မာများတဲ့ နေရာဆိုတော့ စစ်တပ်က သူ့တို့ကို သတင်းပေးနိုင်တဲ့သူတွေရွေးပြီး ဖွဲ့ထားတာ။ ရပ်ကွက်ထဲ လူစိမ်းတယောက်ဝင်လာပြီဆို ဆယ်အိမ်မှူးက မြို့နယ်လုံခြုံရေးနဲ့ စောင့်ကြည့်ရေးအဖွဲ့ကို သတင်ပေးတယ်၊ သူတို့က လာပြီးစစ်ဆေးတယ်၊ နိုင်ငံရေးသမားဆို ညဘက်လာဖမ်းသွားတယ်။” 

ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပမြို့နယ်မှာတော့ မြို့နယ်စီမံအုပ်ချုပ်ရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ကာ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ အဖွဲ့မှာ ပါသူတဦးက DVB ကို ပြောပါတယ်။

“ကျနော်တို့ဝတ်စုံက စစ်စိမ်းရောင်ဝတ်စကုတ်ပုံစံ။ ဧည့်စာရင်းစစ်ရင်လိုက်ရတယ်၊ ကိုယ့်မြို့နယ်မှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စုံစမ်းပေးရတယ်။ သတင်းယူရင်း နယ်ကျော်သွားလို့ အဖမ်းခံရရင် တပ်ကလိုက်ထုတ်ပေးတယ်။ တခါတလေ ဌာနဆိုင်ရာရုံးတွေမှာ သွားစောင့်ပေးရတယ်။” 

အင်းစိန်၊ မရမ်းကုန်းနဲ့ လှိုင်မြို့နယ်က စောင့်ကြည့်အဖွဲ့တွေကို တိုင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တယောက်က ဦးဆောင်ပြီး နေ့စဥ် စားစရိတ်နဲ့ ခရီးသွားလာခတွေကို ထုတ်ပေးတယ်လို့ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ မတ်၊ ဧပြီနဲ့ မေလအတွင်း စစ်တပ်ကဖွဲ့စည်းပေးထားတဲ့ မြို့နယ်စောင့်ကြည့်သတင်းပေးအဖွဲ့တွေက ဖမ်းဆီးခဲ့တာကြောင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013