DVB Logo
Home
နိုင်ငံတကာ
လူစုလူဝေး တိုက်ခိုက်မှုကြုံပြီးနောက် ရာနှင့်ချီသည့် နိုင်ငံခြားကျောင်းသားများ ကာဂျစ်စတန်မှ ထွက်ခွာ
DVB
·
May 26, 2024
လူစုလူဝေး တိုက်ခိုက်မှုကြုံပြီးနောက် ရာနှင့်ချီသည့် နိုင်ငံခြားကျောင်းသားများ ကာဂျစ်စတန်မှ ထွက်ခွာ
Donate to DVB

ကာဂျစ်စတန်နိုင်ငံမှာ အခုလအတွင်းမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက နိုင်ငံခြားသား ကျောင်းသားတွေ နေထိုင်ရာ ရပ်ကွက်တွေကို တိုက်ခိုက်လာခဲ့ပြီးနောက်မှာ ပါကစ္စတန်နဲ့ တခြားအာရှနိုင်ငံတွေက လာတဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေဟာ နိုင်ငံကနေ ထွက်ခွာကုန်ကြပြီး တချို့လည်း အခြေအနေ ငြိမ်သက်သွားတဲ့အခါမှ ပြန်လာဖို့ရှိနေကြပါတယ်။ 

ရာနဲ့ချီတဲ့ ကာဂျစ်လူငယ်တွေဟာ မေလ ၁၇ ရက်ကအစောပိုင်းက ဘစ်ရှ်ကက်ခ်မြို့တော်ရှိ တည်းခိုခန်းတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီမတိုင်ခင်က သူတို့နဲ့ ရန်စရှိခဲ့ဖူးတဲ့ နိုင်ငံခြားကျောင်းသားတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ အကြမ်းဖက်မှုကို တားဆီးနိုင်ခြင်း မရှိသေးပါဘူး။ ကျောင်းသားတွေဟာ အဝင်ပေါက်တွေကို တားဆီးပိတ်ဆို့ပြီး ပုန်းအောင်းဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ တိုက်ခိုက်သူတွေဟာ အမျိုးသမီးတချို့ အပါအဝင် ကျောင်းသားတချို့ကို ရိုက်နှက် ညှဉ်းပန်းခဲ့ကြပါတယ်။

ဘာမှမသိရဘဲ အသားလွတ် ရိုက်နှက်ခံရသူတွေလည်း ရှိခဲ့ပြီး အဲဒီဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က သံသယရှိသူ တစ်ဒါဇင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပါကစ္စတန်အစိုးရဟာ ဘစ်ရှ်ကက်ခ်မှ နေ့စဥ်ထွက်ခွာမယ့် လေကြောင်းခရီးစဉ်တွေမှာ နေရာအပိုတွေကို စီစဉ်ပေးထားပြီး ကျောင်းသား အတော်များများကလည်း အနည်းဆုံးတော့ ယာယီအိမ်ပြန်နိုင်တဲ့ အခွင့်အရေးကို အသုံးချနေကြပါတယ်။

ကာဂျစ်အစိုးရဟာ နိုင်ငံခြားကျောင်းသားတွေရဲ့ ကြောက်ရွံ့မှုတွေ ပြေလျော့စေဖို့ ကြိုးပမ်းခဲ့ပြီး သူတို့နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ ထွက်ခွာသွားသူတွေကိုလည်း လအနည်းငယ်အတွင်း ပြန်ရောက်လာဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

ကာဂျစ်စတန်ရဲ့ ဆေးကျောင်းတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တခြား အာရှနဲ့ အာရပ်နိုင်ငံတချို့မှ အားကျစရာ ဆရာဝန်တွေအကြား ရေပန်းစားလာခဲ့ပြီး အခကြေးငွေ တတ်နိုင်မှုနဲ့ နေထိုင်စရိတ်တွေကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ 

Source/Photo - REUTERS/Vladimir Pirogov

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013