
နိုင်ငံခြားကျောင်းသားတွေ ကျောင်းအပ်နိုင်မှုကို ဟားဗတ်တက္ကသိုလ်က ရုပ်သိမ်းဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က မေ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် ဝင်ခွင့်စာတစောင် လက်ထဲမှာ ကိုင်ထားတဲ့ ထိုင်ဝမ်ကျောင်းသား ယုစွမ်းလင်ဟာ ဟားဗတ်တက္ကသိုလ် ကျောင်းသားအဖြစ် အခုစက်တင်ဘာလမှာ တက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သူ့အိပ်မက် ပျက်စီးခဲ့ရတာပါ။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစီအစဉ်နဲ့ လိုက်လျောညီထွေ ဖြစ်စေရေးအတွက် လွတ်လပ်ရေးကို တန်ဖိုးထားတဲ့ တက္ကသိုလ်တွေ၊ ဥပဒေကုမ္ပဏီတွေ၊ သတင်းမီဒီယာတွေ၊ တရားရုံးတွေနဲ့ တခြားအဖွဲ့အစည်းတွေကို အကျပ်ကိုင်ဖို့ ကြိုးစားနေလို့ ဟားဗတ်နဲ့ အိမ်ဖြူတော်တို့ကြား ပိုကျယ်ပြန့်တဲ့ တိုက်ပွဲအတွင်း နောက်ဆုံးထွက်လာတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
မက်ဆာချူးဆက်အခြေစိုက် ကိန်းဘရေ့ချ်တက္ကသိုလ်က ထရမ့်ပ်ရဲ့ လုပ်ရပ်ကို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တခြား ဖက်ဒရယ်ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလို့ ခေါ်ဆိုလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ တက္ကသိုလ်နဲ့ ကျောင်းသားဗီဇာ ကိုင်ဆောင်သူ ၇,၀၀၀ ကျော်အပေါ် “ချက်ချင်း ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှု” ရှိတယ်လို့လည်း ပြောပါတယ်။ အမေရိကန် တရားသူကြီးတယောက်က အုပ်ချုပ်ရေးအမိန့်ကို ခဏပိတ်ဆို့ထားပါတယ်။
Source: Reuters