DVB Logo
Home
နိုင်ငံတကာ
ရုရှားသမ္မတ ပူတင် ကာဂျစ်စတန်နိုင်ငံသို့‌ ရောက်ရှိ
DVB
·
October 12, 2023
ရုရှားသမ္မတ ပူတင် ကာဂျစ်စတန်နိုင်ငံသို့‌ ရောက်ရှိ
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) က ဖမ်းဝရမ်းထုတ်ပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ကာဂျစ်စတန်နိုင်ငံရဲ့ မြို့တော် ဘစ်ရှ်ကက်ကို အောက်တိုဘာ ၁၂ ရက်က တရားဝင်ခရီးစဉ်နဲ့ ရောက်လာခဲ့ပါတယ်။

ရုရှားအာကာသတပ်ဖွဲ့ရဲ့ ၉၉၉ ခုမြောက် လေတပ်စခန်းတည်ရှိရာ ခန့်မြို့မှာ လေတပ်စခန်း ဖွင့်လှစ်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် CIS ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးနဲ့ အခမ်းအနားတွေကို ပူတင်လည်း တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

ပူတင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်ရင်း အထူးစစ်ဆင်ရေး စတင်ချိန်ကစပြီး နိုင်ငံခြားခရီး မထွက်ခဲ့ပါဘူး။

ရာချီတဲ့ ကလေးတွေကို တရားမဝင် ပြန်ပို့တယ်ဆိုတဲ့ သံသယနဲ့ မတ်လမှာ အိုင်စီစီက ဖမ်းဝရမ်းထုတ်ခဲ့ပေမဲ့ ရုရှားသမ္မတနန်းတော်ကတော့ စွဲချက်တွေကို ငြင်းထားပါတယ်။

ရုရှားခေါင်းဆောင်ဟာ တရုတ်မြို့တော် ပေကျင်းမှာကျင်းပမယ့် တတိယအကြိမ် ခါးပတ်နဲ့ လမ်း ဖိုရမ်အတွက် လာမယ့်အပတ်မှာ တရုတ်နိုင်ငံဆီ သွားရောက်မှာဖြစ်ပါတယ်။

ကာဂျစ်စတန်နဲ့ တရုတ်နိုင်ငံတို့ဟာ စစ်ရာဇဝတ်မှုတွေကို တရားစွဲဖို့ ထူထောင်ထားတဲ့ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ပါဘူး။

ဖမ်းဝရမ်းဟာ ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ရန်လိုမုန်းတီးမှု သက်သေသာဓက ဖြစ်တယ်လို့ ရုရှားသမ္မတနန်းတော်က ပြောထားပါတယ်။

ရုရှအစိုးရကလည်း အိုင်စီစီ အစိုးရရှေ့နေနဲ့ ဖမ်းဝရမ်းထုတ်တဲ့ တရားသူကြီးတွေကို ရာဇဝတ်မှုနဲ့ တန်ပြန် အမှုဖွင့်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013