DVB Logo
Home
နိုင်ငံတကာ
သမ္မတသက်တမ်း ကုန်သွားသဖြင့် ဇလန်းစကီး တရားမဝင်တော့ဟု ပူတင် ပြော
DVB
·
May 26, 2024
သမ္မတသက်တမ်း ကုန်သွားသဖြင့် ဇလန်းစကီး တရားမဝင်တော့ဟု ပူတင် ပြော
Donate to DVB

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ သမ္မတ ၅ နှစ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တာကြောင့် တရားမဝင်တော့ဘဲ တကယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ဥပဒေကြောင်းအရ အခက်အခဲ ဖြစ်နိုင်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောကြားလိုက်ပါတယ်။ 

ရုရှားကျူးကျော်မှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာထားရတဲ့ ၃ နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းမှာ သမ္မတ ဇလန်းစကီးဟာ ဒီသတင်းပတ်ထဲ ၅ နှစ်သက်တမ်း ကုန်သွားပြီဖြစ်ပေမဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါဘူး။ 

ဒါပေမဲ့ စစ်ကာလမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ယူကရိန်းမဟာမိတ်တွေက လက်ခံပေးထား ပါတယ်။ လက်ရှိ စစ်မြေပြင်အတိုင်းသာ အသိအမှတ်ပြုရင် အပစ်ရပ်ဖို့ ရုရှားဘက်က အသင့်ရှိနေတယ်လို့ သတင်းထွက်လာခဲ့အပြီးမှာ ပူတင်က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဘီလာရုစ်နိုင်ငံကို သွားရောက်ချိန်၊ ရုပ်သံကထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပူတင်က ဇလန်းစကီးရဲ့ အဆင့်အတန်းမှာ ပြဿနာရှိနေတယ်လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိနိုင်ငံ့ခေါင်းဆောင်ရဲ့ တရားဝင်မှုက ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ဘယ်သူနဲ့ ဆွေးနွေး ရမှာလဲဆိုတာ မေးခွန်းထုတ်ရာမှာဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။ 

အနောက်နိုင်ငံတွေက ဆွစ်ဇာလန်မှာ ယူကရိန်းစစ်ပွဲ ညီလာခံကျင်းပပြီး သမ္မတဇလန်းစကီးရဲ့ တရားဝင်မှုကို ဆွဲဆန့်ဖို့ ကြိုးစားပေမဲ့ ဥပဒေကြောင်းအရ အဓိပ္ပါယ်မရှိဘူးလို့ ပူတင်က ဆိုပါတယ်။

အဓိက အတိုက်အခံတွေကို ဖမ်းဆီးထောင်ချ၊ ရှင်းလင်းခဲ့သလို စစ်ဆန့်ကျင်ရေးသမားတွေ ကိုလည်းပေးမပြိုင်ခဲ့တဲ့ ပြီးခဲ့မတ်လက ရုရှား သမ္မတရွေးကောက်ပွဲမှာ ပူတင်က စံချိန်တင်မဲရလဒ်နဲ့  နောက်ထပ် ၆ နှစ်သက်တမ်းအတွက် အနိုင်ရထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013