DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာက အိမ် ၃၀၀ ကျော်နှင့် ရုပ်ပွား ၁ ဆူကို ကျူးကျော်ဟုဆိုပြီး စစ်ကောင်စီ ဖျက်ဆီး
DVB
·
May 25, 2024
လှိုင်သာယာက အိမ် ၃၀၀ ကျော်နှင့် ရုပ်ပွား ၁ ဆူကို ကျူးကျော်ဟုဆိုပြီး စစ်ကောင်စီ ဖျက်ဆီး
1 / 5
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံ ကျွန်းကြီးကျေးရွာ တရွာလုံးကို ကျူးကျော်လို့ဆိုပြီး စစ်ကောင်စီက မေ ၂၄ ရက်မှာ ဘူဒိုဇာတွေနဲ့ထိုးပြီး ဖျက်ဆီးသွားတယ်လို့ ကျေးရွာမှာ နေထိုင်သူတွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ ရဲ့ ကျွန်းကြီးကျေးရွာက နေအိမ် ၃၀၀ ကျော်ကို ကျူးကျော်လို့ဆိုပြီး ဖျက်ဆီးခဲ့သလို တည်လက်စ စေတီတဆူကိုလည်း ဘူဒိုဇာတွေနဲ့ထိုးပြီး ဖျက်ဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်တွေနဲ့ရဲတွေ အင်အားအလုံးအရင်းနဲ့ ရုတ်တရက် ရောက်ရှိလာပြီး ဖျက်ဆီးသွားတာကြောင့် ကျေးရွာနေပြည်သူတွေအနေနဲ့ မိမိတို့ နေအိမ်မှာရှိတဲ့ ပစ္စည်းတွေယူဆောင်ချိန်မရဘဲ ဖျက်စီးခံပြီးချိန်မှ နေအိမ်တွေကို ပြောင်းရွှေ့တာ၊ မပျက်စီးဘဲ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ယူဆောင်တာတွေပြုလုပ်ရတယ်လို့ ကျွန်းကြီးကျေးရွာနေပြည်သူတယောက်က ပြောပါတယ်။

“ဘုရားကြီးက ၇၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ အဲ့ဒါကို ဘုရားဝန်းအုတ်တံတိုင်းက လမ်းပေါ်ကျူးနေလို့ စည်ပင်ကဖျက်ပေးရမယ်စာပို့သေးတယ်။ အဲ့ဒါကို အုတ်တံတိုင်းတင်မကဘူး။ ဘုရားကြီးကိုပါ ဘူဒိုဇာနဲ့ထိုးပြီး ဖျက်သွားတာ၊ တရွာလုံးကိုလည်း ဖျက်ဆီးသွားတာ”လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လှိုင်သာယာ အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ အနော်ရထာစက်မှုဇုံအပိုင်း ၂၊ စံပယ်လမ်းပေါ်က လမ်းနယ်ကျူး နေအိမ် ၁၆ လုံးကိုပဲ ဖယ်ရှားရှင်းလင်းမယ်လို့ အသိပေးစာထုတ်ခဲ့ပေမယ့် ဘုရားအပါဝင် ကျွန်းကြီးရွာကိုပါ ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းကြီးကျေးရွာခံတယောက်က “ဘုရားကြီးက အနေကဇာတောင်တင်ပြီးပြီ။ အခု ပလ္လင်ပဲကျန်ခဲ့တယ်။ အုပ်ချုပ်ရေးဘက်ကို အမျိုးမျိုးညှိနှိုင်းခဲ့ပေမယ့် အတင်းဝင်ဖျက်တာ။ ဆရာတော်တွေ တောင်းပန်တာလည်းမရဘူး”လို့ ပြောပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ပြည်သူတွေဟာ နေရေးထိုင်ရေး ဒုက္ခရောက်နေကြပြီး အချို့နေရာတွေမှာ ယာယီတဲထိုးပြီး နေထိုင်နေကြရသလို ငွေကြေးတတ်နိုင်သူ တချို့ကတော့ အဆောင်ငှားရမ်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013