DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် အမျိုးသမီး ၂ ဦးက ငရုတ်ကျည်ပွေ့ဖြင့် ထုရိုက်ပြီး ရွှေထည်နှင့်ဖုန်း လုယက်
DVB
·
October 7, 2026
ကျူးလွန်သူအမျိုးသမီး ၂ ဦး။ (Photo: Kyaw Min)
ကျူးလွန်သူအမျိုးသမီး ၂ ဦး။ (Photo: Kyaw Min)
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်၊ ဓညဝတီလမ်းက နေအိမ်မှာ တယောက်တည်းရှိနေတဲ့ အမျိုးသမီးတယောက်ကို အမျိုးသမီး ၂ ယောက်က ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်ပြီး ရွှေထည်နဲ့ လက်ကိုင်ဖုန်းတွေ လုယက်ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မခင်မိုးဆွေ နေအိမ်မှာ တယောက်တည်းရှိနေချိန် လွန်ခဲ့တဲ့ ၁ နှစ်ခန့်က အဆိုပါနေအိမ်မှာ ငှားရမ်းနေထိုင်ခဲ့ဖူးပြီး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မစုပိုသိမ့် အပါအဝင် အမျိုးသမီး ၂ ယောက် ရောက်ရှိလာခဲ့ပါတယ်။

အဆိုပါ အမျိုးသမီး ၂ ယောက်က မခင်မိုးဆွေကို ငရုတ်ကျည်ပွေ့နဲ့ ဝင်ရောက်ထုရိုက်ပြီး ဝတ်ဆင်ထားတဲ့ ကျပ် ၅ သိန်းခန့်တန်ဖိုးရှိ လက်စွပ်မောင်းကွင်း ၁ ကွင်း၊ ကျပ် ၆ သိန်းခန့်တန်ဖိုးရှိ နားကွင်း ၁ ရံနဲ့ ကျပ် ၃ သိန်းခန့်တန်ဖိုးရှိ Redmi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးကို အတင်းအဓမ္မ ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိသူတယောက်က “အိမ်မှာ တယောက်တည်းရှိတဲ့အချိန် ဝင်လာပြီး ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်သွားတာပါ။ ရွှေထည်တွေနဲ့ ဖုန်းကို ယူသွားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

လုယက်ထုရိုက်ခံရမှုကြောင့် မခင်မိုးဆွေမှာ ချိုစောင်း၊ နှာခေါင်း၊ နဖူးနဲ့ မျက်ခုံးတို့မှာ ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာတွေအပြင် နှုတ်ခမ်းပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖြစ်တဲ့ မစုပိုသိမ့်နဲ့ မဝင်းသန္တာကျော်တို့ကို လှိုင်သာယာ(အနောက်ပိုင်း) သောင်ကြီးနယ်မြေစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013