DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-သံတွဲ လေယာဉ်လက်မှတ်ခ ၂ ဆမြင့်တက်၊ MNA ပြန်လည်ပြေးဆွဲမည်
DVB
·
May 25, 2024
ရန်ကုန်-သံတွဲ လေယာဉ်လက်မှတ်ခ ၂ ဆမြင့်တက်၊ MNA ပြန်လည်ပြေးဆွဲမည်
Donate to DVB

ရန်ကုန်-သံတွဲပြေးဆွဲနေတဲ့ အဲကမ္ဘောဇ လေကြောင်းလိုင်းက လက်မှတ်ဈေးနှုန်းကို ၂ ဆကျော် တိုးမြှင့်လိုက်ပြီး ဇွန်လမှာ ပြန်လည်ပြေးဆွဲဖို့စီစဉ်နေတဲ့ မြန်မာ့​ လေကြောင်းလိုင်း MNA ကလည်း နောက်ဆုံး ၂ ပတ်ခရီးစဉ်ကို ပြန်လည်ဖျက်သိမ်း လိုက်ပါတယ်။

ယာယီရပ်နားထားတဲ့ မြန်မာ့လေကြောင်းရဲ့ ရန်ကုန်​-သံတွဲလေ​ကြောင်းခရီးစဉ်ကို လာမယ့်ဇွန် ၂ ရက်နေ့ကစတင်ပြီး တပတ်ကိုတကြိမ် ​ပြေးဆွဲ​ပေးသွားမှာဖြစ်​ကြောင်း မြန်မာ့​လေ​ကြောင်းဦးစီးဌာနရုံးဆီက သိရပါတယ်။

​စျေးနှုန်းကတော့ ၁၈၇,၀၀၀ ကျပ်နှုန်းဖြစ်​​ပြီး တပတ်ကိုတကြိမ် တနင်္ဂနွေနေ့ တရက်ပဲပြေးဆွဲမယ်လို့ ခရီးစဉ်ဇယားထွက်ထားပေမဲ့ ဇွန် ၂၃ ရက်နဲ့ ၃၀ ရက် ခရီးစဉ်ကို လတ်တလောမှာ ပြန်ဖျက်သိမ်းလိုက်တာ တွေ့ရပါတယ်။

လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တယောက်က “သူတို့ဇယားထဲမှာ မရှိတော့ဘူး။ အဲဒီရက်တွေ လက်မှတ်ဝယ်ထားတဲ့သူတွေကိုတော့ အဲ ကမ္ဘောဇနဲ့ ချိန်းပေးလိုက်တယ်” လို့ ပြောပါတယ်။

​ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်  မြန်မာ့လေကြောင်းက ရန်ကုန်-သံတွဲ လေကြောင်းလိုင်းခရီးစဉ်ကို ယာယီရပ်နားထားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေဟာ ရခိုင်တောင်ပိုင်းက သံတွဲမြို့နယ်ကိုရောက်လာပြီးနောက် ဒေသခံတွေ မြို့ကနေ တိမ်းရှောင်ဖို့အတွက် အဲကမ္ဘောဇ လေကြောင်းလိုင်း တခုပဲ ရှိတဲ့အချိန်မှာ ဈေးနှုန်းကို အမြင့်ဆုံး ၂၂၂,၀၀၀ ရှိရာကနေ ၄၅၀,၀၀၀ အထိ မြှင့်တင်လိုက်ပါတယ်။

ရန်ကုန်ရောက် သံတွဲဒေသခံတယောက်က “လေကြောင်းလိုင်းပြန်ဖွင့်ပေးတော့ ဝမ်းသာတာပေါ့။ ဒါပေမယ့် မပြန်ရဲသေးဘူး။ ကိုယ့်မြို့ရွာတော့ လူတိုင်းပြန်ချင်တာပေါ့။ သင်္ကြန်မတိုင်ခင်တုန်းကလည်း ပြန်လို့ရတယ်ဆိုပြီး လေဆိပ်မှာဖမ်းသွားတာ” လို့ ပြောပါတယ်။

မန်းရတနာပုံလေကြောင်းလိုင်းလည်း ရန်ကုန်-သံတွဲကို ဧပြီလကုန်ပိုင်းအထိ ပြေးဆွဲခဲ့ပြီး ကုန်းလမ်းကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် လေကြောင်းတခုပဲ အသုံးပြုနေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013