DVB Logo
Home
နိုင်ငံတကာ
ဟနွိုင်းမြို့တော်တွင် တိုက်ခန်း မီးလောင်ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံး
DVB
·
May 25, 2024
ဟနွိုင်းမြို့တော်တွင် တိုက်ခန်း မီးလောင်ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံး
Donate to DVB

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ တိုက်ခန်းတခန်းမှာ  မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်လွှင့်ပါတယ်။

ဟနွိုင်းမြို့အလယ်ပိုင်း ကောင်ဇိုက် ခရိုင်ရှိ ၅ ထပ်အဆောက်အအုံမှာ  မေ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အဆောက်အအုံထဲမှ လူ ၇ ဦးကို မီးသတ်သမားတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လျှပ်စစ်စက်ဘီးတွေ ပြုပြင်ရောင်းချတဲ့ ဘလောက် နှစ်ခုကြားက ခြံဝင်းအတွင်း မီးစတင်လောင်ကျွမ်းတယ်လို့ ယူဆရကြောင်း အစိုးရပိုင် VnExpress က ထုတ်ပြန်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူတွေကို ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။

မီးလောင်ကျွမ်းမှုဟာ ဗီယက်နမ်နိုင်ငံရဲ့ လူနေထူထပ်တဲ့ မြို့ပြစင်တာတွေမှာ အဖြစ်များပါတယ်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်း နေအိမ်မီးလောင်မှု ၁၇,၀၀၀ လောက်မှာ လူပေါင်း ၄၃၃ ဦး သေဆုံးခဲ့ပြီး အများစုမှာ မြို့ပြတွေမှာဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သိရပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013