DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၂၈ ဦး အဖမ်းခံရ
DVB
·
May 24, 2024
မလေးရှားတွင် မြန်မာ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၂၈ ဦး အဖမ်းခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ဟိုဂျိုးပြည်နယ်အတွင်းမှာ မြန်မာနိုင်ငံသား အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၂၈ ဦး အဖမ်းခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်။

မေ ၂၃ ရက် မနက် ၁၀ နာရီလောက်မှာ ဟိုဂျိုးပြည်နယ် စီနင်းမြို့က နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ စက်ရုံနဲ့ စားသောက်ဆိုင်မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးက တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးရေး (အော်ပရာစီ) နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၉၂ ယောက်နဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ စတဲ့ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မလေးရှားရောက် မြန်မာတဦးက “မနေ့က စီးနင်းက တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ စက်ရုံကို ဝင်စီးတာပေါ့။ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို ဝင်ဖမ်းတာပါ။ စုစုပေါင်း တရက်တည်း ၂ ကြိမ်ပေါ့။ အဖမ်းခံရတဲ့ထဲ မြန်မာနိုင်ငံသား အများဆုံးပေါ့။ တခြားနိုင်ငံက သူတွေလည်းပါတယ်၊ အဖမ်းခံရတဲ့အထဲ အမျိုးသမီးတွေလည်းပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို တရားမဝင်နေထိုင်မှုဥပဒေ ပုဒ်မ (၁) (ဂ)၊ ပါမစ်ရက်လွန်နေထိုင်မှု ပုဒ်မ (၁၅) (၁) (ဂ) နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အရေးယူသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013