DVB Logo
Home
မြန်မာသတင်း
နောင်ချိုတွင် ၁ လအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀ ခန့်ပျက်စီးပြီး ရွာသား ၇ ဦး သေဆုံး
DVB
·
May 23, 2024
နောင်ချိုတွင် ၁ လအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀ ခန့်ပျက်စီးပြီး ရွာသား ၇ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ထဲမှာ ဧပြီ ၁၅ ရက်မှ မေ ၁၆ ရက်အထိ တလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDF နဲ့  စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ခြေ ၁၀၀ ခန့် ပျက်စီးကာ ရွာသား ၇ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့  ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF အဖွဲ့က မေ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၄ ညက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုရောက်ရှိစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF က ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဧပြီ ၁၅ ရက်မှာလည်း MDY-PDF က ပြင်ဦးလွင်နဲ့ ၁၄ မိုင်ကွာဝေးတဲ့ သရက်ကုန်းရွာက စစ်ကြောင်စီစခန်းကို ဝင်ရောက်တိုက် ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း တိုက်ပွဲတွေဟာ နောင်ချိုမြို့နယ် ဇာလီ၊ ပါဟပ်နဲ့ ဘန့်ဘွေး ကျေးရွာအုပ်စုတွေဆီ ပျံ့နှံ့သွားခဲ့ပြီး စစ်ကောင်စီဘက်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ 

ဧပြီ ၁၅ ကနေ မေ ၁၆ ရက်ထိ ဖြစ်ပွးခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကျည်ထိပြီး သရက်ကုန်းရွာက ဘုန်းကြီးတပါး၊ ဇာလီရွာသားတဦး၊ သပြေကုန်းရွာသူ ၂ ဦး၊ ပါဟပ်ရွာသူ ၂ ဦး သုံးဆယ်ရွာသူတဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒဏ်ရာရသူ ၂၀ ကျော်မှာ ဆမ္မဆယ်ရွာမှတဦး၊ ဇာလီရွာမှ ၃ ဦး (မိုင်းနင်းမိ )၊ သုံးဆယ်ရွာမှ  ၁၁ ဦး၊ ပါဟပ်ရွာမှ ၅ ဦးနဲ့ မိုးမိတ်-သပိတ်ကျင်းကားလမ်းပေါ်က လူနာတင်ကားအပစ်ခံရတာကြောင့် ဘုန်းကြီးတပါးနဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

သရက်ကုန်းရွာမှ  ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးပြီး သရက်ကုန်း၊ ညောင်ကုန်း၊ သုံးဆယ်၊  ရေပုံး (မိုးမိတ် ) က နေအိမ် ၁၀၀  ခန့်ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့နယ် သရက်ကုန်း၊ ကံ့ကော်၊ ဇာလီ၊ ပါဟက်၊ ပန်ခံ ၊ နားပျန်၊ ညောင်ကုန်း စတဲ့ရွာတွေက ရွာသား ၃၀၀၀ ကျော်ဟာ ဘန့်ဘွေး၊ အင်ဝိုင်း၊ ညောင်ကုန်း စတဲ့ကျေးရွာက ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအနီး တောတောင်ထဲမှာ ပုန်းရှောင်ခဲ့ရတယ်လို့ SHRF အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

လက်ရှိအခြေအနေမှာ PDF တွေ သိမ်းယူခဲ့တဲ့ သရက်ကုန်းစခန်းကို  စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲခေတ္တငြိမ်သက်နေပေမဲ့ စစ်ရှောင်ရွာသားတွေကတော့ အားလုံးမပြန်ရဲကြသေးပါဘူး။  

photo-Shan State Channel

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013