DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်း ချင်းရိုင်းနှင့် ချင်းမိုင်တွင် စိတ်ကြွဆေးပြား သန်းနှင့်ချီ ဆက်တိုက်ဖမ်းမိ 
DVB
·
May 23, 2024
ထိုင်းမြောက်ပိုင်း ချင်းရိုင်းနှင့် ချင်းမိုင်တွင် စိတ်ကြွဆေးပြား သန်းနှင့်ချီ ဆက်တိုက်ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းနဲ့ ချင်းရိုင်ခရိုင်ထဲမှာ စိတ်ကြွဆေးပြား သန်းနဲ့ချီ ဖမ်းဆီး ရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မယ်ဆိုင်မြို့နယ်ထဲမှာ ပါဆယ်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းခွင်တခုကနေ စိတ်ကြွဆေးပြား ၂,၂၀၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ် ဖာ့ကျောက့်တာခ် စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ပရဖတ် ဖုပ်ဆုဝမ်းက မေ ၂၂ ရက်ညနေ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က မယ်ဆိုင်မြို့နယ် ကော်ချန့်ရပ်ကွက်ထဲကနေ အထုတ်တွေတင်လာတဲ့ ကာတစီးဟာ ဝိန်းဖန်ခမ်းအုပ်စု ဘန့်ပါယန်းမိုင်ရပ်ကွက်ထဲရှိ  ပါဆယ်ထုတ် ပို့ဆောင်ရေးလုပ်ငန်းရှိရာ လမ်းကြားထဲကို ဝင်သွားခဲ့ပြီး အထုတ်တွေကို ဂိုဒေါင်ထဲချထားခဲ့ကြောင်း၊ တာဝန်ရှိသူတွေက သင်္ကာမကင်းဖြစ်တာကြောင့် မေ ၂၂ ၇က်  မနက် ၆ နာရီလောက် အဲဒီအိမ်ကို ဝိုင်းဝန်းပိတ်ဆို့ စစ်ဆေးခဲ့တယ်။ 

တာဝန်ရှိသူတွေ ရောက်သွားနေချိန်မှာပဲ ဝန်ထမ်း ၃ ယောက်ဟာ စိတ်ကြွဆေးပြားတွေ ပစ္စည်းပြင်ဆင်ထုတ်ပိုးနေတာတွေ့ရကြောင်း၊ ဆက်လက်စစ်ဆေးရှာဖွေရာမှာ တအိတ်လျှင် စိတ်ကြွဆေးပြား ၂ သိန်းစီပါတဲ့ အိတ်ပေါင်း ၁၁ လုံးတွေ့ရှိတာကြောင့် စိတ်ကြွဆေးပြား စုစုပေါင်း ၂,၂၀၀,၀၀၀ ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် မူးယစ်ဆေးဝါးပို့ဆောင်ရာမှာအသုံးပြုတဲ့ ၁၀ ဘီးကားကြီး ၃ စီး၊ ဟိုင်းလပ်စ်ကား ၃ စီးနဲ့ တိုယိုတာဖော်ကျူနာ အိမ်စီးကား ၁ စီးတို့ကိုပါ သိမ်းဆည်းခဲ့တယ်လို့  ဗိုလ်မှူးကြီး ပရဖတ် ဖုပ်ဆုဝမ်းက ပြောပါတယ်။ 

မေ ၂၁ ရက် ည ၉ နာရီခွဲလောက်ကလည်း ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲမှာ စိတ်ကြွဆေးပြား ၂ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီနေ့ ညနေ ၈ နာရီ ၄၅ မိနစ်လောက်မှာ အထုတ်အပိုးတွေ တင်လာတဲ့ ဟိုင်းလပ်စ်ကား ၁ စီးဟာ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်အုပ်စုထဲမောင်းဝင်လာခဲ့ကြောင်း၊ စစ်ဆေးရေး ဂိတ်နားရောက်တော့ ရပ်မပေးဘဲ ဖြတ်မောင်းသွားလို့ တာဝန်ရှိသူတွေက အနောက်ကနေ လိုက်လံဖမ်းဆီးရာ မဲ့အိုင်းမြို့နယ် မဲ့ဆောင်အုပ်စု ချိုးတနားလမ်းမကြီးမှာ မှီလာခဲ့ပြီး အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ တအိတ်လျှင် စိတ်ကြွ‌ဆေးပြား ၁၀၀၀၀၀ စီပါတဲ့ အိတ်ပေါင်း ၂၀ တွေ့ရှိတာကြောင့် စိတ်ကြွဆေးပြားပေါင်း ၂,၀၀၀ ,၀၀၀ ကို ဖမ်းမိခဲ့ကြောင်း၊ ယာဉ်မောင်းမှာ အသက် ၄၀ အရွယ် လားဟူအမျိုးသား ကျခါးဖြစ်ပြီး အမည်မသိသူတဦးက အခကြေးငွေ ၃၀၀၀၀ ပေးပြီး သယ်ဆောင်ခိုင်းတာကြောင့် လိမ္မော်ခြံတခုထဲကနေ သွားရောက်သယ်ဆောင်ပေးခဲ့တာလို့ ဝန်ခံထားပါတယ်။ တာဝန်ရှိသူတွေက နောက်ထပ်ကွင်းဆက်တွေ လိုက်လံစုံစမ်းနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Source: MaesaiPress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013