DVB Logo
Home
မြန်မာသတင်း
ဂျပန်အစိုးရနှင့်နိပွန်ဖောင်ဒေးရှင်း ဆုံးဖြတ်ချိန်ရောက်ပြီဟု ဂျပန်လွှတ်တော်တွင် NUG ဝန်ကြီး ပြော
DVB
·
May 22, 2024
ဂျပန်အစိုးရနှင့်နိပွန်ဖောင်ဒေးရှင်း ဆုံးဖြတ်ချိန်ရောက်ပြီဟု ဂျပန်လွှတ်တော်တွင် NUG ဝန်ကြီး ပြော
1 / 5
Donate to DVB

ဂျပန်အစိုးရအပါအဝင် နိပွန်ဖောင်ဒေးရှင်းအနေနဲ့ ပြည်သူအားသတ်၊ ကျောင်းတွေ ဆေးရုံတွေကို ဗုံးကြဲဖျက်ဆီးနေတဲ့ စစ်ကောင်စီနဲ့ လက်တွဲနေပြီး ပြည်သူထောက်ခံမှုမရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆက်သွားမှာလား၊ ပြည်သူနဲ့ လက်တွဲမှာလားဆိုတာ ဆုံးဖြတ်ရမယ့်အချိန် ရောက်နေပြီလို့ NUG က ဝေဖန်လိုက်ပါတယ်။

မေ ၂၂ ရက်က ကျင်းပခဲ့တဲ့ ဂျပန်လွှတ်တော် မြန်မာ့အရေးကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထောက်ပြပြောဆိုခဲ့တာပါ။

ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ဒေါက်တာဇော်ဝေစိုးနဲ့ မြန်မာ့ဒီမိုကရေစီအရေးအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂတို့ ပူးပေါင်းပြီး မေ ၂၂ ရက် ညနေက ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးခေါင်းစဉ်ဖြင့် လွှတ်တော်တွင်း ကြားနာပွဲ ကျင်းပခဲ့တာပါ။ 

ကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်း၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂဥက္ကဋ္ဌ မစ္စတာ မဆဟရု နာကဂဝါ၊ အထွေထွေ အတွင်းရေးမှူး မစ္စတာ မိချိဟရု အိရှိဘရှိတို့ အပါအဝင် ဂျပန်လွှတ်တော်အမတ်တွေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးလည်း တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများကို အသေးစိတ်ရှင်းပြခဲ့ပြီး၊ NUG အနေနဲ့ ပြည်သူအများစုထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့များစွာနဲ့ လက်တွဲနေပြီး ဘုံသဘောတူချက်ရယူပြီးဖြစ်ကြောင်း၊ K3C plus NUG မဟုတ်ဘဲ ဘုံသဘောတူညီချက်ရယူပြီးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကိုယ်စား ဂျပန်ကို လာရောက်တာ ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာတဲ့ ဂျပန်သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဂျပန်အစိုးရ၊ နိပွန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အခြေအနေမှန်ကို သိစေချင်ပြီး စစ်ကောင်စီအား ထောက်ပံ့မှုတွေဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်နေတာကို အားပေးအထောက်အကူဖြစ်မှာ စိုးရိမ်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ မေတ္တာတရားကို လိုချင်ရင် ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပါလို့လည်း သတင်းဌာနတွေရဲ့မေးမြန်မှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီနေ့ ကြားနာပွဲကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးလည်း တက်ရောက်ခဲ့တာမို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ တောင်းဆိုမှုတွေဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျပန်အစိုးရအထိလည်း ကြားသိမှာမို့ အောင်မြင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013