DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် ဓာတ်အားဖြန့်ဖြူးပေးသည့်စက်ချို့ယွင်းပြီး လုပ်ငန်းများ အခက်အခဲဖြစ်
DVB
·
May 22, 2024
ထားဝယ်တွင် ဓာတ်အားဖြန့်ဖြူးပေးသည့်စက်ချို့ယွင်းပြီး လုပ်ငန်းများ အခက်အခဲဖြစ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ စက်တချို့ ချို့ယွင်းပြီးနောက် ထားဝယ်မြို့မှာရှိတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ အခက်အခဲ ဖြစ်လာတယ်လို့ ထားဝယ်မြို့ခံတွေဆီက သိရပါတယ်။

Petro & Trans ကုမ္ပဏီက သဘာဝဓာတ်ငွေ့သုံး ၂ မဂ္ဂါဝပ် အင်ဂျင် ၉ လုံး၊ ၁.၃ မဂ္ဂါဝပ် အင်ဂျင် ၂ လုံးနဲ့ ဒီဇင်အင်ဂျင်မီးစက် ၆၅၀ ကီလိုဝပ် ၆ လုံးတို့နဲ့ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က သဘာဝဓာတ်ငွေ့သုံး ၂ မဂ္ဂါဝပ် အင်ဂျင် ၄ လုံးနဲ့ ၁.၃ မဂ္ဂါဝပ် အင်ဂျင် ၁ လုံးမှာ စက်ချို့ယွင်းသွားကာ မေလမှာ သဘာဝဓာတ်ငွေ့သုံး ၂ မဂ္ဂါဝပ် အင်ဂျင် ၂ လုံး ပြန်လည်ပြုပြင်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားတွေကို ထားဝယ်ခရိုင်ရှိ မြို့နယ်အလိုက် ဧရိယာ A, B နှစ်ခုခွဲပြီး အလှည့်ကျ ဓာတ်အားပေး ဖြန့်ဖြူးနေတယ်လို့ Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

အမည်မဖော်လိုသူ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတဦးက “မီးပုံမှန်မရတဲ့နောက်ပိုင်း ဆိုင်မှာ အသားတွေ သိုလှောင်ရတာ အခက်အခဲဖြစ်လာတယ်။ အရင်ကဆို ပိဿာ ၅၀ ရောင်းရရင် အခုက ပိဿာ ၄၀ လောက်ပဲ ရောင်းရတယ်။ အသားတွေ မပုပ်အောင်လည်း စိုးရိမ်နေရတယ်။ အသားတွေကို အအေးခံထားဖို့အတွက် မီးမလာတော့ ရေခဲသေတ္တာလည်း ပုံမှန်မရဘူး။ အပြင်မှာ ရေခဲဝယ်ဖို့အတွက်လည်း လျှပ်စစ်မီးမရတော့ ရေခဲထုတ်လုပ်မှုက နည်းလာပြီး ဈေးကြီးလာတယ်” လို့ ပြောပါတယ်။

အလားတူ ထားဝယ်မြို့ရှိ ဆံပင်ညှပ်ဆိုင်၊ မိတ္တူဆိုင်တွေမှာလည်း လျှပ်စစ်မီးလာမှ ဆိုင်ဖွင့်ထားရကာ တချို့ဆိုင်တွေမှာလည်း မီးပုံမှန်မရရှိတာကြောင့် ဆိုင်ပိတ်ထားလိုက်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။

ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက “လျှပ်စစ်မီးမရတော့ ဆံပင်ညှပ်၊ ခေါင်းလာလျှော်ရင် ဘာမှလုပ်လို့မရဘူး။ အပြင်ကနေ ရေဝယ်ရင်လည်း ရေကားတစီးကို ၂၀,၀၀၀ ပေးရတယ်။​ ရက်တွက်မကိုက်လို့ ဆိုင်ကို ခဏနားထားရတယ်” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းမီ ထားဝယ်ခရိုင်ရှိ လျှပ်စစ်ဓာတ်အားခမှာ တယူနစ် ၂၀၀ ကျော်သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် ဧပြီလမှာ တယူနစ် ၄၄၀ ကျပ်အထိ ပေးသုံးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo - Petro & Trans

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013