DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် မဲကနယ်မူးယစ်ဆေးစွဲသူများ ထူထောင်ရေးစခန်း ပြန်ပြင်ရန် အကူအညီ လိုအပ်
DVB
·
May 22, 2024
တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် မဲကနယ်မူးယစ်ဆေးစွဲသူများ ထူထောင်ရေးစခန်း ပြန်ပြင်ရန် အကူအညီ လိုအပ်
1 / 9
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ တိုက်ပွဲတွေကြောင့် မဲကနယ်ကျေးရွာမှာရှိတဲ့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန် ပျက်စီးသွားပြီး    ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။

စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မဲက‌နယ်ကျေးရွာမှာရှိတဲ့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းဟာ လက်နက်ကြီးဒဏ်သင့်ခဲ့ရသလို မပျက်စီးတဲ့ ပစ္စည်းတွေကိုလည်း ခိုးယူခံရလို့ စခန်းပြန်လည်တည်ထောင်ဖို့ အကူအညီ လိုအပ်နေတာပါ။

တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တုန်းက ပြန်လည်ထူထောင်ရေးစခန်းက မူးယစ်ဆေးဖြတ်သူ ၁၀၀ လောက်ဟာ ကြံခင်းဓမ္မရုံမှာ စစ်ဘေးရှောင်ခဲ့ရပြီး အခုစခန်းမှာပြန်လည်နေထိုင်ဖို့ ခြံစည်းရိုးနဲ့ အမိုးအကာအတွ က်အကူအညီအပ်နေတယ်လို့ ကူညီပေးသူ တဦးက ပြောပါတယ်။

"စခန်းတခုလုံး လက်နက်ကြီးကော သူခိုးတွေကြောင့်ပါ အကုန်ပျက်စီးသွားပြီး။ အခုသူတို့ကို ပြန်လည်နေထိုင်ဖို့ အဆောင်လေး တဆောင် ပြန်ပြုပြင်ဖို့နဲ့ ခြံစည်းရိုး လုံအောင်ကာ‌ဖို့ပါ။ မိုးတွင်းလည်း ရောက်တော့မှာဖြစ်တဲ့အတွက် မိုးလေလုံခြုံတဲ့အဆောက်အအုံ တခု လိုအပ်ပါတယ်။ ကျန်တာကတော့ တဖြည်းဖြည်းပြင်သွားလို့ရတယ်။"

မဲကနယ်မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးစခန်းကို လွန်ခဲ့တဲ့ ၆ နှစ်ထဲက တည်ထောင်ခဲ့ ပြီး မူးယစ်ဆေးဆွဲသူများအပြင် အရက်ဖြတ်သူတွေကိုလည်း လက်ခံပြီး လက်ရှိမှာတော့ လူ အယောက် ၁၀၀ ခန့် လက်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013