DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် ရောဂါပိုးရှိသွေးသွင်းခံရပြီး လူ ၃,၀၀၀ ခန့် သေဆုံး
DVB
·
May 21, 2024
ဗြိတိန်တွင် ရောဂါပိုးရှိသွေးသွင်းခံရပြီး လူ ၃,၀၀၀ ခန့် သေဆုံး
Donate to DVB

ဗြိတိန်နိုင်ငံမှာ ရောဂါပိုး ကူးစက်ခံထားရတဲ့ သွေးအရှုပ်တော်ပုံဟာ မတော်တဆမှုမဟုတ်ဘဲ ဆရာဝန်တွေနဲ့ အစိုးရတွေရဲ့ ဆက်တိုက်မှားယွင်းလုပ်ဆောင်ချက်ကြောင့် လူပေါင်း ၃,၀၀၀ လောက် သေဆုံးပြီး ထောင်ချီတဲ့လူတွေ အသည်းရောင်အသားဝါနဲ့ HIV ပိုး ကူးစက်ခံနေရတယ်လို့ မေ ၂၀ ရက်မှာ ထုတ်ဝေတဲ့ လူထု စုံစမ်းမှုတရပ်က တွေ့ရှိပါတယ်။

လူပေါင်း ၃၀,၀၀၀ ကျော်ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း ရောဂါပိုးရှိတဲ့ သွေးတွေနဲ့ သွေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဗြိတိန်နိုင်ငံပိုင် အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုကနေ လက်ခံရယူခဲ့ပြီး သူတို့ရဲ့ဘဝတွေ၊ အိပ်မက်တွေနဲ့ မိသားစုတွေ ပျက်စီးခဲ့တယ်လို့ စုံစမ်းရေးဥက္ကဋ္ဌ ဘရိုင်ယန် လန်းဂ်စတက်ဖ်က ပြောပါတယ်။

လူနာတွေကို ဦးစားပေးဖို့ ပျက်ကွက်တဲ့အတွက် ဆရာဝန်တွေ၊ သွေးဌာနတွေနဲ့ အစိုးရအဆက်ဆက်ကို လန်းစတက်ဖ်က အပြစ်တင်ခဲ့ပြီး သေဆုံးသူတွေကို လျော်ကြေးပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ မိသားစုတွေဟာ နှစ်ပေါင်းများစွာ တရားမျှတမှုကို ရှာဖွေခဲ့ကြပါတယ်။

၆ နှစ်နီးပါးကြာ စုံစမ်းမေးမြန်းမှုကို ဦးဆောင်ခဲ့တဲ့ လန်းဆက်ဖ်က ဖြစ်ပျက်ခဲ့တဲ့ အတိုင်းအတာဟာ ထိတ်လန့်စရာကောင်းပြီး အံ့ဩစရာပဲလို့ ပြောပါတယ်။

၂၀၁၈ မှာစတင်ခဲ့တဲ့ ဗြိတိန်စုံစမ်းရေးကော်မရှင်မှာ တရားစွဲဆိုမှုတွေကို အကြံပြုဖို့ အခွင့်အာဏာ ရှိမနေပါဘူး။

ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ဟာ တနင်္လာနေ့နှောင်းပိုင်း အောက်လွှတ်တော်မှာ မိန့်ခွန်းပြောချိန် အစိုးရကိုယ်စား တောင်းပန်မယ်လို့ မျှော်လင့်ရပါတယ်။

အထက်တရားရုံး တရားသူကြီးဟောင်း လန်းဆက်ဖ်ဟာ သူ့ရဲ့ တွေ့ရှိချက်တွေကို ထုတ်ပြောရာမှာ တက်ကြွလှုပ်ရှားသူတွေရဲ့ ဂုဏ်ပြုကြိုဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013