DVB Logo
Home
နိုင်ငံတကာ
အီရန်သမ္မတရဟတ်ယာဉ်ပျက်ကျမှု အသက်ရှင်ကျန်ရစ်သူမရှိ
DVB
·
May 20, 2024
အီရန်သမ္မတရဟတ်ယာဉ်ပျက်ကျမှု အသက်ရှင်ကျန်ရစ်သူမရှိ
Donate to DVB

အီရန်သမ္မတ အီဘရာဟင်မ်ရိုင်ဆီ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ အီရန်နိုင်ငံပိုင်ရုပ်သံ IRINN နဲ့ Mehr News သတင်းဌာနတို့က ထုတ်ပြန်ပါတယ်။

အီရန်သမ္မတ အီဘရာဟင်မ်ရိုင်ဆီ လိုက်သွားတဲ့ ရဟတ်ယာဉ်ဟာ နိုင်ငံမြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ကို သွားရောက်စဉ်မှာ မတော်တဆ ဖြစ်ပွားခဲ့တာပါ။

ရဟတ်ယာဉ်ပေါ်မှာ သမ္မတနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဟော့စ်စိန်အမီရာ အဗ္ဗဒူလာဟီရန်လည်း လိုက်ပါသွားတာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေခဲ့ကြပါတယ်။

တရားသူကြီးချုပ်ဟောင်းဖြစ်တဲ့ သမ္မတ ရိုင်ဆီဟာ ၂၀၂၁ မှာ ပြိုင်ဆိုင်မှုအားနည်းတဲ့ ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

သူ့လက်ထက်အတွင်းမှာ အတိုက်အခံတွေကို ဖိနှိပ်မှု တိုးလာတယ်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

သူ့နေရာဆက်ခံရမယ့်သူက ဒုသမ္မတ-၁ ဖြစ်တဲ့ မိုဟာမက် မွတ်ခ်ဘား ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ ဩဇာအရှိဆုံးဖြစ်တဲ့ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမာနီက အတည်ပြုမှသာ ဆက်ခံနိုင်မှာ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ၃ စင်း သွားတာမှာ ကျန် ၂ စင်းက ဘေးမသီရန်မခ သွားလိုရာ ရောက်သွားပေမဲ့ သမ္မတရဲ့ ရဟတ်ယာဉ်ကပဲ မတော်တဆ ဖြစ်ခဲ့တာပါ။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013