DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် အငြိမ်းစား ပညာရေးဇနီးမောင်နှံ သတ်ဖြတ်ခံရ
DVB
·
May 19, 2024
ရေစကြိုတွင် အငြိမ်းစား ပညာရေးဇနီးမောင်နှံ သတ်ဖြတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေ ၁၈ ရက်နေ့ညက အငြိမ်းစားပညာရေး ဇနီးမောင်နှံ ၂ ယောက် သူတို့ရဲ့နေအိမ်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတယောက်က “ဆရာကြီးတို့လင်မယားက ၂ ယောက်တည်း နေကြတာ။ သားသမီးတွေတော့ ရှိတယ်။ တခြားမှာ အလုပ်ထွက်လုပ်နေကြတယ်။ တမြို့လုံးက အလေးစားခံရတဲ့ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးတွေပါ။ တခြားကလေးတွေကိုလည်း သူတို့အိမ်ခေါ်ပြီး စာသင်ပေးကြတယ်။ သူတို့က ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်ဆက်နွှယ်တာမရှိဘဲနဲ့ အခုလို အသတ်ခံရတာပါ” လို့ DVB ကို ပြောပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ခင် နဲ့ ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် အငြိမ်းစား ဆရာမကြီး ဒေါ်ကြည်တင့် တို့ဖြစ်ပြီး ရေစကြိုမြို့၊ အမှတ် ၇၊ ရန်ကင်းရပ်တောင်ပိုင်း၊ ဆန်ဂိုဒေါင်ဟောင်းအနောက်ဘက် နေအိမ်မှာ အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

အိမ်နဲ့နီးစပ်သူတယောက်က “မနက်စောပိုင်း စာသင်မယ့် ကလေးတွေ ဆရာကြီးတို့ အိမ်ရောက်လို့ တံခါးတွေ ပိတ်ထားတာ ခေါ်မရလို့ ဝင်ကြည့်မှ သတ်ဖြတ်ခံထားရတာကို တွေ့တာ။ အိမ်ထဲကပစ္စည်းတွေလည်း မွှေနှောက်ထားတာ မွစာကြဲနေတာ တွေ့တယ်” လို့ ပြောပါတယ်။

အသတ်ခံရသူတွေမှာ လည်ပင်း၊ ရင်ဘတ်တွေကို ဓားနဲ့လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ နောက်ကျောကိုလည်း ဓm;နဲ့ ​၆ ချက်ထက်မနည်း ထိုးသွင်းဒဏ်ရာတွေ တွေ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

မြို့ခံတယောက်က “ရက်ရက်စက်စက် သတ်ထားခဲ့ကြတာ။ ဘယ်သူတွေ လက်ချက်ဆိုတာ အတိအကျပြောဖို့ ခက်ပေမဲ့ ခွေးတွေသတ်တာလို့ပဲ ပြောရမယ်။ ထင်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနေ့ညက အမှတ် ၇ ရပ်ကွက်မှာ ခွေးတွေ မူးရူးပြီး သေနတ်တွေ ဖောက်ကြပြီး ရုံးပေါင်းစုံထဲ ပြန်ရောက်တော့လည်း သီချင်းတွေဖွင့် မူးရူးနေကြတယ်။ ပြောရမယ်ဆိုရင် အဲဒီခွေးတွေ အများစုက ဆေးသမားတွေ များတယ်။ နောက်ပြီး အတော်လေးကို ယုတ်ယုတ်မာမာနဲ့ လူမဆန်တဲ့ အောက်တန်းကျတဲ့ အလုပ်တွေ အမြဲလုပ်လေ့ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က စစ်သားနဲ့ရဲတွေဟာ အသတ်ခံရတဲ့ အငြိမ်းစားဇနီးမောင်နှံရဲ့ နေအိမ်ကို ဝင်ရောက်မွှေနှောက်ရှာဖွေ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့သေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသတ်ခံရတာနဲ့ပတ်သက်လို့ ရေစကြိုမြို့မရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို ဘယ်အဖွဲ့အစည်းက သတ်ဖြတ်သွားတယ်ဆိုတာ DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရေစကြိုမြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ မြို့ဖြစ်ပြီး မကြာခဏဆိုသလို ဒေသခံပြည်သူတွေကို စစ်တပ်ကနေ ဖမ်းဆီးသတ်ဖြတ်တာတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်က အမှတ် ၁၊ နဂါးရုံရပ်ကွက်မှာ နေထိုင်တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၂၆ နှစ်အရွယ် မောင်ဖြိုးသက်ကျော် ဟာ စစ်ကောင်စီတပ်သားတွေရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013