DVB Logo
Home
မြန်မာသတင်း
YBS ကားများတွင် ခါးပိုက်နှိုက်များလာ၊ CCTV နှင့် သတိပေးစတစ်ကာ တပ်ဆင်မည်
DVB
·
May 19, 2024
YBS ကားများတွင် ခါးပိုက်နှိုက်များလာ၊ CCTV နှင့် သတိပေးစတစ်ကာ တပ်ဆင်မည်
Donate to DVB

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ကားတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတာတွေ များလာတာကြောင့် CCTV ကင်မရာတွေနဲ့ သတိပေးစတစ်ကာတွေ တပ်ဆင်ပေးသွားမယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးဆီက သိရပါတယ်။

YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “CCTV ဖွင့်ပြီး မောင်းတဲ့ ယာဉ်တွေမှာဖြစ်ရင် YRTC ရဲ့ Control Center ကနေ ပြန်ကြည့်ပြီး နောက်ဆက်တွဲ ဖော်ထုတ်နိုင်ပေမယ့် CCTV မတပ်ထားတဲ့ ယာဉ်တွေမှာကျတော့ လုပ်ရကိုင်ရ ခက်ခဲပါတယ်။ ဒါကြောင့်လည်း အများပြည်သူတွေအနေနဲ့ သတိပြုကာကွယ်နိုင်ဖို့ သတိပေးတဲ့အနေနဲ့ ကပ်သွားမှာပါ” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်း နေ့စဉ်​ YBS ယာဉ်လိုင်း ၁၃၁ လိုင်းပြေးဆွဲနေပြီး ယာဉ်အစီးရေ ၃,၈၀၀ လောက်နဲ့ ခရီးသည် ၁၆ သိန်း သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

YBS ခရီးသည်တယောက်က “သတိပေးစာကပ်ရုံလောက်နဲ့ အလုပ်မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ခရီးသည်တွေက သူတို့ သတိပေးစာကပ်နေမှမဟုတ်ဘူး၊ အားလုံး သတိထားနေကြတာပဲ။ အဲဒီလို သတိထားနေတဲ့ကြားကပဲ ခဏ ခဏ အနှိုက်ခံနေရတာ။ တချို့ကားသမားတွေဆိုရင် ခါးပိုက်နှိုက်ကို သိတာတွေရှိတယ်။ သူတို့တွေလည်း ပူပေါင်းပါဝင်ရင် ပိုထိရောက်တာပေါ့” လို့ပြောပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အတွက် ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေအားလုံး လာမယ့် ဇွန်လကုန်ထိ နောက်ဆုံးထား CCTV တပ်ဆင်ရမှာဖြစ်ပြီး မတပ်ဆင်တဲ့ ယာဉ်တွေကို လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံး ဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013