DVB Logo
Home
မြန်မာသတင်း
ကနေဒါ၊ ဗန်ကူးဗားမြို့ UBC တက္ကသိုလ်၌ NUG လူ့အခွင့်အရေးဝန်ကြီး မြန်မာ့အရေး ဆွေးနွေး
DVB
·
May 19, 2024
ကနေဒါ၊ ဗန်ကူးဗားမြို့ UBC တက္ကသိုလ်၌ NUG လူ့အခွင့်အရေးဝန်ကြီး မြန်မာ့အရေး ဆွေးနွေး
1 / 8
Donate to DVB

 ကနေဒါနိုင်ငံ၊ ဗန်ကူဗားမြို့၊ ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ် ( UBC)မှာ  ဒေသစံတော်ချိန် မေလ ၁၈ ရက်မွန်းလွဲပိုင်းက ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ NUG အစိုးရ လူ့အခွင့်အရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေအနေတွေဆွေးနွေးခဲ့သလို စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ကနေဒါ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက လက်နက်နဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်ဖို့ တောင်းဆို တိုက်တွန်းသွားပါတယ်။

"ဒီမိုကရေစီထွန်းကားပြီး ခွဲခြားမှုကင်းရှင်းစွာဖြင့် အများပါဝင်နိုင်သော မြန်မာပြည်ကို ပုံဖော်ခြင်း (Charting Democratic and Inclusive Myanmar)" လို့အမည်ပေးထားတဲ့ လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာ   NUG ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အတူ မက်ဆာချူးဆက်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Dr.Ardeth Maung Thawnghmung နဲ့ UBC Myanmar Initiative Fellow ဒေါက်တာ ထက်သီဟဇော်တို့လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲကို ကနေဒါနိုင်ငံရောက် မြန်မာတိုင်းရင်းသားအင်အားစုတွေ သုတေသီတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ မြန်မာ့အရေး စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြ ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ကနေဒါနိုင်ငံ မြို့တော် အော်တဝါကို ဆက်လက်သွားရောက်ဖို့ရှိပြီး ကနေဒါနိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။

Photo-DVB

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013