DVB Logo
Home
မြန်မာသတင်း
ရေဦး၊ ရွှေဘိုတွင် ထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
May 19, 2024
ရေဦး၊ ရွှေဘိုတွင် ထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တို့မှာ မေ ၁၈ ရက်နေ့က ရဲစခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခိုက်ခံခဲ့ရပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တာဝန်ခံတယောက်က “မြို့မရဲစခန်း ဝင်းထဲက စခ၊ ရခတွေရှိတဲ့နေရာကို Fixed-Wing Drone ၂ စီးနဲ့ ဗုံးသီး ၃ လုံး ကြဲချခဲ့တာပါ။ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီအနေနဲ့ မြို့ခံတွေကတဆင့် ရေဦးမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ဗုံးကြဲတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဗုံးသီးတွေက ရဲစခန်းဝန်းထဲကျပြီး အကုန်ကွဲတယ်။ ထိခိုက်သေဆုံးတာတော့ ရှိနိုင်တယ်။ ဗုံးကြဲခံရပြီး ခွေးတွေဘက်က ကသန်းကရမ်း ပြန်ပစ်တယ်။ ကျနော်တို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

မေ ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲလောက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့က ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

တပ်ဖွဲ့တာဝန်ရှိသူတယောက်က “ထိခိုက်ပျက်စီး သေဆုံးမှုကို စုံစမ်းနေတုန်း ရှိပါသေးတယ်။ ထွေအုပ်ရုံးကို အရင်စကြဲတာ။ နောက်ပြီးမှ ရဲစခန်းကိုကြဲတာ။ မိုင်းအပြင်းစား သုံးထားတဲ့ ၂ ဆင့်ကွဲဗုံးသီးက ရဲစခန်းက Main အဆောင်ပေါ်ကို ကျသွားတယ်” လို့ ဒီဗွီဘီကို ပြောပြပါတယ်။

ရဲစခန်းကို ဗုံးကြဲချပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ကင်းထောက်ဒရုန်း ၁ စီး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Yoma Phoenix Drone Force ရဲ့ တာ၀န်ရှိသူတယောက်က “ထွေအုပ်ရုံးနဲ့ ရဲစခန်းဘက်က ပေါက်ကွဲသံတွေ ကြားပြီး သေနတ်သံတွေပါ ဆက်ကြားရတယ်။ Ambulance တွေလည်း ခေါက်တုံ့ခေါက်ပြန် သွားနေတာ တွေ့နေရတယ်” လို့ ပြောပါတယ်။

ဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မင်းလှမြို့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့မရဲစခန်းတွေကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုသူ မရှိပါဘူး။

သာယာဝတီခရိုင်တပ်ရင်းက PDF ရဲဘော်တယောက်က “ပြည်သူတွေကို အဓိကမှာချင်တာက စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ရေးပစ်မှတ်နေရာတွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်လို့ သူတို့တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့နဲ့ သူတို့ရှိတဲ့နေရာတွေကို အသွားအလာမလုပ်ကြဖို့ပါ” လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ရဲ့ ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Yoma Phoenix Drone Force က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းမှာ နေရာဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ရဲစခန်း၊ တပ်စခန်းနဲ့ တပ်ဂိတ်ရဲဂိတ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ မြေပြင်တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ပြီး အလင်းဝင်ရောက် ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Photo - သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013