DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်တွင် လူမည်းအခွင့်အရေး ဆန္ဒပြသူကို ပစ်သတ်ခဲ့သူအား လွတ်ငြိမ်းခွင့်ပေး
DVB
·
May 17, 2024
တက္ကဆက်တွင် လူမည်းအခွင့်အရေး ဆန္ဒပြသူကို ပစ်သတ်ခဲ့သူအား လွတ်ငြိမ်းခွင့်ပေး
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ၂၀၂၀ တုန်းက လူမည်းအခွင့်အရေး ဆန္ဒပြသူကို ပစ်သတ်ခဲ့လို့ လူသတ်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျနေတဲ့ ပုဂ္ဂိုလ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

တက္ကဆက်မှာ “ကိုယ်ရပ်နေရာ ရွှေ့ပေးစရာမလိုဘူး” (Stand Your Ground) ဆိုတဲ့ ခုခံကာကွယ်ပိုင်ခွင့်ဥပဒေ ရှိပါတယ်။

အဲဒီဥပဒေအရ လူတယောက်ဟာ ကိုယ့်ကို ခြိမ်းခြောက်ခံရတယ်လို့ ခံစားရရင် ကိုယ်ရှိနေရာ နေရာက နောက်ဆုတ်ပေးစရာ၊ တိမ်းရှောင်စရာမလိုဘဲ ခုခံနိုင်ပါတယ်။

အခု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရတ်အဘော့က ဒီဥပဒေကို ကိုးကားပြီး လွတ်ငြိမ်းခွင့် ပေးခဲ့ရုံသာမက လက်နက်ကိုင်ဆောင်ခွင့်ပါ ပြန်ပေးအပ်တာ ဖြစ်ပါတယ်။

ပစ်ခတ်သူ ဒန်နီယယ်ပယ်ရီဟာ ကြည်းတပ် တပ်ကြပ်ကြီးဟောင်း၊ Uber ယာဉ်မောင်း ဖြစ်ပါတယ်။

အသတ်ခံရသူ ဂရတ်ဖော်စတာဟာလည်း လေတပ်က စစ်ပြန်ဟောင်းဖြစ်ပြီး အော်စတင်မြို့မှာ လူမည်းအခွင့်အရေး ဆန္ဒပြနေတဲ့အချိန် ပစ်သတ်ခံရတာ ဖြစ်ပြီး နှစ်ဦးစလုံးဟာ လူဖြူတွေဖြစ်ပါတယ်။

Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆန္ဒပြသူတွေ ညအချိန် ချီတက်လာတဲ့လမ်းပေါ်ကို ပယ်ရီက Uber တက္ကစီ မောင်းနေရင်း ရောက်သွားတာဖြစ်ပါတယ်။

ပယ်ရီရဲ့ကားဟာ ဆန္ဒပြသူတွေကို ဝင်တိုက်မယ့်ပုံစံမျိုး ရှိနေခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် ဆန္ဒပြသူတဦးဖြစ်တဲ့ ဖော်စတာက သူ တရားဝင်ကိုင်ဆောင်ထားတဲ့ အေကေ-၄၇ သေနတ်နဲ့ ပယ်ရီကို ချိန်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ယာဉ်မောင်းလာသူ ပယ်ရီကလည်း သူ့လက်ထဲက သေနတ်နဲ့ မလွှဲမရှောင်သာ ခုခံပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရားသူကြီးကတော့ ပယ်ရီဟာ လူသတ်မှုကျူးလွန်တာသာ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ထောင်ကျပြီး တနှစ်ကျော်အကြာမှာ ဒီဆုံးဖြတ်ချက်ကို လက်မခံတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက သူ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013