DVB Logo
Home
နိုင်ငံတကာ
အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့မည်
DVB
·
May 16, 2024
အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့မည်
Donate to DVB

အမေရိကန်က ယူကရိန်းကို  စစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေ ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မေ ၁၅ ရက် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလေဘာနဲ့အတူ ကိယက်ဗ်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဝန်ကြီး ဘလင်ကန်က “အဲဒါကို ပထမဆုံး ကာကွယ်ရေးလုပ်ငန်း ရန်ပုံငွေမှာ ပေါင်းထည့်ထားပြီး အစိတ်အပိုင်း ၃ ခု ပါရှိကြောင်း၊ တခုက ဒီကနေ့ ယူကရိန်းအတွက် လက်နက်တွေ ပံ့ပိုးပေးဖို့၊ ဒုတိယအနေနဲ့ ယူကရိန်းရဲ့ ကာကွယ်ရေး စက်မှုအခြေစိုက်စခန်းမှာ ရင်းနှီးမြှုပ်နှံတာဖြစ်ပြီးတော့  နောက်ဆုံးအချက်ကတော့ ယူကရိန်းနိုင်ငံ သုံးစွဲဖို့အတွက် အမေရိကန်သာမက တခြားနိုင်ငံတွေကနေလည်း စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ ဒီရန်ပုံငွေကို အသုံးပြုနိုင်အောင် ကူညီပေးသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

ယူကရိန်းစစ်သားတွေကို ကာကွယ်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ခဲယမ်းမီးကျောက်တွေ၊ သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်တွေ၊ လေကြောင်းရန် ကာကွယ်ရေးတွေကို အရေးတကြီးနဲ့ ဦးစားပေးကိစ္စအဖြစ် ရှေ့တန်းတွေဆီ အပြေးအလွှား ပို့ဆောင်ပေးနေကြောင်းလည်း ပြောဆိုပြီး လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကတော့ ထိပ်တန်းဦးစားပေးလို့လည်း ဆိုပါတယ်။

ရုရှားရဲ့တိုက်ခိုက်မှုကို အသစ်တဖန် ရင်ဆိုင်နေရချိန်မှာ ယူကရိန်းကို ထောက်ခံပံ့ပိုးမှုက အရေးကြီးတဲ့အချိန် ရောက်လာပြီလို့လည်း ဘလင်ကန်က ပြောပါတယ်။

နောက်ထပ် အဓိကကိစ္စကတော့ ယူကရိန်းနဲ့ အမေရိကန်ကြား နှစ်နိုင်ငံ လုံခြုံရေး သဘောတူညီချက် ဖြစ်ကြောင်းနဲ့ အခုညှိနှိုင်းထားတဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံ ရှိသွားပြီဖြစ်ပြီး မကြာခင်မှာ နှစ်နိုင်ငံ လုံခြုံရေးသဘောတူညီချက်တွေကို ညှိနှိုင်းတာ ပြီးစီးတော့မယ် လို့လည်း ဘလင်ကန်က ဆိုပါတယ်။

သဘောတူညီချက်တွေဟာ လာမယ့်ဆယ်စုနှစ်အတွင်း ယူကရိန်းကို အကူအညီတွေ ဆက်လက်တည်တံ့စေမှာဖြစ်ပြီး ရန်လိုမှုတွေကိုလည်း ဟန့်တားကာ ခုခံကာကွယ်နိုင်တဲ့ အနာဂတ်အင်အားကို တည်ဆောက်နိုင်စေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလေဘာကလည်း ဒီကနေ့ အချက်ပြ ဆွေးနွေးမှုနဲ့ အဓိကပြဿနာက ယူကရိန်းကို ပို့ဆောင်ရမယ့် လက်နက်နဲ့ ခဲယမ်းမီးကျောက် ပမာဏတင်မကဘဲ ဒီပေးပို့မှုရဲ့ အရှိန်အဟုန်လည်း ပါဝင်ကြောင်း၊ အရာအားလုံး မြန်မြန်ဆန်ဆန် ဖြစ်ရမယ်၊ လက်နက်တွေ မြန်မြန်ဆန်ဆန် ရောက်လာမှ ရုရှားရဲ့ထိုးစစ်ကို တားဆီးနိုင်မှာဖြစ်ပြီး ဥရောပရဲ့ ကျန်ရှိနယ်မြေတွေနဲ့ ယူရို-အတ္တလန္တိတ် အသိုက်အဝန်းကို တိုက်ခိုက်မယ့် သူ့ရဲ့ ရန်လိုတဲ့ အစီအစဉ်တွေကို တားဆီးနိုင်မှာဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013