DVB Logo
Home
မြန်မာသတင်း
နမ့်ခမ့်ပါ(နမ်ဗျူ)စခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်
DVB
·
May 16, 2024
နမ့်ခမ့်ပါ(နမ်ဗျူ)စခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ဇီးကောင့်ကျေးရွာအုပ်စု၊ နမ့်ခမ့်ပါ (နမ်ဗျူ) စစ်ကောင်စီတပ်စခန်းကို မေ ၁၆ ရက် မနက် ၇ နာရီခွဲလောက်မှာ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ နမ့်ခမ့်ပါ (နမ်ဗျူ) ရွာမှာ အခြေစိုက်ထားတဲ့ ခလရ - ၂၉၇၊ ခလရ - ၂၆၀ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) တပ်မဟာ ၂ နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေက အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်တာလို့ KIA အရာရှိတဦးက ပြောပါတယ်။ 

“တပ်မဟာ ၁၄ နမ်ဗျူ စစ်ကောင်စီတပ်စခန်းကို ဒီမနက် အပြီးသတ် သိမ်းလိုက်ပြီ။” 

အင်အား ၆၀ ခန့်ရှိ နမ့်ခမ့်ပါ (နမ်ဗျူ) စစ်ကောင်စီစခန်းကို မေ ၁၁ ရက်နေ့ကစ ထိုးစစ်ဆင် ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီ‌နေ့  မေ ၁၆ ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ‌ဆိုပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက “နမ်ဗျူ စစ်ကောင်စီတပ်ကို ဒီနေ့ မေလ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲခန့်မှာ သိမ်းလိုက်နိုင်ပြီ။ အခု ရှင်းလင်းရေး လုပ်နေတုန်း၊ လေကြောင်း နဲ့ ဗုံး ၂ ခါ လာကြဲသွားပြီ” လို့ ပြောပါတယ်။ 

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတဦးက “ဒေသခံတွေက အကုန် တိုက်ပွဲရှောင်‌သွားတာကြာပြီ။ အဲဒီမှာက နမ်ဗျူချောင်းမှာ ရွှေလာတူးတဲ့ လူတွေပဲ ရှိတဲ့ရွာ။ နမ်ဗျူချောင်း စောင့်တဲ့ တပ်စခန်းပါ” လို့ ပြောပါတယ်။

အဲဒီ နမ့်ခမ့်ပါ (နမ်ဗျူ) စခန်းဟာ တနိုင်းမြို့နဲ့ မိုင် ၂၀ ခန့်ဝေးကွာပြီး ဒေသခံပြည်သူတွေကတော့ ၂၀၁၇ ခုနှစ်က စစ်ကောင်စီနဲ့ KIA တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားချိန်ကတည်းက လက်ရှိအချိန်ထိ စစ်ရှောင်နေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း တနိုင်းမြို့နယ်ရှိ နွယ်ဂျီဘွမ်နဲ့ ဝလုဘွမ် စစ်‌ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013