DVB Logo
Home
မြန်မာသတင်း
ထိန်းချုပ်နယ်မြေရှိ Non-CDM ဝန်ထမ်းများကို တာဝန်က ရပ်ဆိုင်းလိုက်ပြီဟု TNLA ကြေညာ
DVB
·
May 15, 2024
ထိန်းချုပ်နယ်မြေရှိ Non-CDM ဝန်ထမ်းများကို တာဝန်က ရပ်ဆိုင်းလိုက်ပြီဟု TNLA ကြေညာ
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့နယ်  ၇ မြို့နယ်ထဲက စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့တဲ့ Non-CDM ဝန်ထမ်းအားလုံးကို တာဝန်ကရပ်ဆိုင်းလိုက်ပြီလို့  မေလ ၁၅ ရက်မှာ  TNLA က ကြေညာပါတယ်။

ဒါအပြင် သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ ဘယ် Non-CDM ဝန်ထမ်းကိုမဆို တိုင်ကြားမှုအရဖြစ်စေ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေး အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Non-CDM တွေက စစ်ကောင်စီနဲ့သွားရောက် ကူညီတာမျိုးတွေရှိသလို အလုပ်တွေ လုပ်ပေးတာမျိုးလည်း ရှိနေပါသေးတယ်လို့ TNLA သတင်းပြန်ကြားရေးအရာရှိက DVB ကိုပြောပါတယ်။

ဒါကြောင့် အခုလိုထုတ်ပြန်ရတာဖြစ်ပြီး လက်ရှိမှာ အရေးမယူသေးဘဲ အချင်းချင်းသတိပေးတာ၊ သတိပေးစာပို့တာမျိုးတွေပဲရှိသေးတယ်လို့ဆိုပါတယ်။

ဘယ်လိုမျိုး အရေးယူမယ်ဆိုတာကို မပြောပေမဲ့ တချို့ဝန်ထမ်းတွေဟာ စစ်ကောင်စီအုပ်ချုပ်တဲ့ နယ်မြေတွေထဲ မိသားစုလိုက်ရွှေ့ပြောင်းသွားတာမျိုးတွေလည်းရှိခဲ့တယ်လို့ TNLA ဘက်ကပြောပါတယ်။

ဒါကြောင့် Non-CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီဆီကနေ လစာ/ငွေကြေးယူတာ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်တာနဲ့ အစီရင်ခံစာပေးပို့တာတွေ မလုပ်ဖို့နဲ့ တွေ့ရှိရင် အပြစ်ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာရေးထားပါတယ်။

TNLA တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013